ကမ္ဘောဒီးယား လွတ်လပ်ရေးရရှိခဲ့သည့် ၆၈ နှစ်ပြည့်၊ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားဘုရင် သီဟာမိုနီ ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

CRI, November 10, 2021
Size:

ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၆၈ နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည့် နိုဝင်ဘာလ ၉ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားဘုရင် သီဟာမိုနီ ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Group မှ သတင်းရရှိပါသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က ကမ္ဘောဒီးယားပြည်သူတို့သည် ကိုဗစ်-၁၉ ကူးစက်ရောဂါကို အောင်မြင်စွာ တိုက်ဖျက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွင် ပိုမိုကြီးမားသော အောင်မြင်မှုကို ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိသည် တရုတ်-ကမ္ဘောဒီးယား ဆက်ဆံမှုကို အလွန်အလေးထား၍ ဘုရင် သီဟာမိုနီနှင့်အတူ ချစ်ကြည်ရေး အစဉ်အလာကို ထွန်းကားစေပြီး မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းစေကာ တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာအသိုက်အဝန်းကို တက်ကြွစွာ တည်ဆောက်၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဆောင်ပေးရန် ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ဖော်ပြခဲ့ပါသည်။