၂၀၂၁ ခုနှစ် အာရှအာဖရိကကုန်စည်ပွဲတော်ကို ရှန်ဟိုင်းနိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲတွင် ကျင်းပတော့မည်

CRI, November 5, 2021
Size:

၂၀၂၁ ခုနှစ် အာရှ-အာဖရိက ကုန်စည်ပွဲတော်ကို စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲအတောအတွင်း နိုဝင်ဘာ ၆ ရက်နေ့ည၌ ကျင်းပမည် ဖြစ်သည်။ ယင်းကုန်စည်ပွဲတော်ကို China Media Group အာရှ-အာဖရိကစင်တာရှိ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှားအပါအဝင် အာရှ အာဖရိကနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်ရေးဌာနများနှင့် ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

အာဖဂန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှား၊ တောင်အာဖရိက၊ ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံများနှင့် ဒေသများမှ နာမည်ကြီး ကုန်ပစ္စည်းများကို အွန်လိုင်းကနေတစ်ဆင့် live ရောင်းချမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် တရုတ် Live e-commerce လုပ်ငန်းဆိုင်ရာ သုတေသန အစီရင်ခံစာအရ တရုတ် Live e-commerce ဈေးကွက်၏ အတိုင်းအတာသည် ၂၀၂၀ ပြည့်နှစ်တွင် ယွမ် ဘီလီယံ ၁၂၀၀ ကျော်ရှိပြီး နှစ်စဉ် တိုးတက်မှုနှုန်းမှာ ၁၉၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ပြည်တွင်း အဓိက e-commerce ပလက်ဖောင်းများပေါ်တွင် live ရောင်းချမှုစုစုပေါင်းအကြိမ်ရေမှာ ၂၄ သန်းကျော်ရှိပါသည်။