မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ် ၁၃ ခုကို အတည်ပြုပြီး အလုပ်အကိုင် နေရာ ၃၀၀၀ နီးပါး ဖန်တီးပေး

CRI, November 5, 2021
Size:

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ဒေသစံတော်ချိန် နိုဝင်ဘာလ ၃ ရက်နေ့က နေပြည်တော်တွင် အစည်းအဝေးကို ကျင်းပရာ၌ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးစသည့်နယ်ပယ်မှ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ် ၁၃ ခုကို အတည်ပြုပြီး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၂၀၄ သန်း ရှိကာ ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင် နေရာ ၂၉၇၂ ခုကို ဖန်တီးပေးမည် ဖြစ်ပါသည်။

ထိုနေ့တွင်ပင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် စီမံကိန်း ၁၉ ခုအတွက် ရင်းနှီးမြှုပ်မှု တိုးဖြည့်ရေး အစီအစဉ်များကိုလည်း အတည်ပြုခဲ့ပါသည်။ ဒေသစံတော်ချိန် စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့်နိုင်ငံနှင့်ဒေသ စုစုပေါင်း ၅၁ ခုရှိပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိသည့်လုပ်ငန်းမှာ လျှပ်စစ်ဓါတ်အားလုပ်ငန်းဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၂၈ ရာခိုင်နှုန်းရှိပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ၂၅.၁၈ ရာခိုင်နှုန်းရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ၁၄.၂၆ ရှိသည်။