တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ၂၄ ကြိမ်မြောက် အာဆီယံ+ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်

Yunnan Gateway, October 29, 2021
Size:

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်သည် အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်တွင် ၂၄ ကြိမ်မြောက် အာဆီယံ+ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့်အတူ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်း၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခီရှိဒါ တို့က အစည်းအဝေးသို့ အတူပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးကို ဘရူနိုင်းနိုင်ငံ ဘုရင်ဟာ ဆန်နယ်ဘိုကီးယားက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗွီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က “10+3” နိုင်ငံများသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိသည့် ကံကြမ္မာတူအကျိုးတူ အသိုက်အဝန်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိမိအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အဓိကအခြေပြု၍ ဒေသစီးပွားရေး တစ်သားတည်းဖြစ်အောင် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်သလို ကပ်ရောဂါ၊ စွမ်းအင်၊ စားနပ်ရိက္ခာ၊ ဘဏ္ဍာရေးစသည့် ကဏ္ဍများ စိန်ခေါ်မှုများကို အတူရင်ဆိုင်ကာ နိုင်ငံအသီးသီးဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ အေးတူပူအမျှအသိုက်အဝန်းတည်ဆောက်ရန် သမ္မတရှီက အရေးကြီး အဆိုပြုခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ရင့်ကျက်သည့် ပူးပေါင်းဆောင်ရွက်မှုယန္တရားနှင့် အကျပ်အတည်းကို ကိုင်တွယ်ရာတွင် များပြားသည့်အတွေ့အကြုံများကို ကောင်းမွန်စွာအသုံးချကာ အရှေ့တောင်အာရှဘက်စုံ ညီမျှစွာ ပြန်လည်ရှင်သန်လာရေးကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သလို ဒေသရေရှည် တည်ငြိမ်သာယာဝပျောမှုကို ထိန်းသိမ်းစောင့်ရှောက်ကာ ပို၍ တံခါးဖွင့်သော၊ အများလက်ခံပါဝင်နိုင်သော ရေရှည်ရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသည့် အရှေ့အာရှကို အတူတကွတည်ဆောက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပေါ် တရုတ်နိုင်ငံက အောက်ပါအကြံပြုချက်များကို ပြောကြားခဲ့သည်။

(၁) ပြည်သူ့ကျန်းမာရေးစီမံခန့်ခွဲမှုကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ “10+3”အရေးပေါ် ဆေးကုသရေးအထောက်အပံ့ပစ္စည်းများ သိုလှောင်စင်တာ တည်ဆောက်မှုကို အရှိန်မြင့်တင်ဆောင်ရွက်ကာ ဒေသကပ်ရောဂါကိုင်တွယ်နိုင်စွမ်းအား တိုးမြှင့်ရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးတွင် ထုတ်ပြန်သည့် လူငယ်လူရွယ်နှင့်ကလေးသူငယ် စိတ်ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကြေညာချက်အား ထောက်ခံအားပေးကြောင်း။

(၂) ဒေသစီးပွားရေး တစ်သားတည်းဖြစ်အောင် ထဲထဲဝင်ဝင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက် (RCEP) သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုမှတ်တိုင်ဖြစ်ရာ သက်ဝင်လည်ပတ်သည့်အဆင့်ကို ရောက်ရှိတော့မည်ဖြစ်ကာ သဘောတူညီချက်များ ဆောလျင်စွာ အသက်ဝင်ထိရောက်နိုင်စေရန် လျင်မြန်စွာ တွန်းအားပေးဆောင်ရွက်၍ ပိုမိုတစ်သားတည်းအသွင်သို့ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဝန်ထမ်းလေ့ကျင့်ရေး၊ အတွေ့အကြုံဖလှယ်ရေးစသည့် စွမ်းရည်တည်ဆောက်မှုကဏ္ဍများကို ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း။

(၃) အရှေ့အာရှ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ ခရီးသွားစင်္ကြံကို “10+3”အထိ တိုးချဲ့ရန် ကြိုးပမ်းမှုကို ထောက်ခံအားပေးရာ လက်ရှိ “အမြန်လမ်းကြောင်း”နှင့်”အစိမ်းရောင်လမ်းကြောင်း”ကို ပိုမိုကောင်းမွန်စွာအသုံးချကာ ဒေသစီးပွားရေး အဆင်ပြေချောမွေ့စွာလည်ပတ်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံက “10+3”စက်မှုလုပ်ငန်းပံ့ပိုးမှုကွင်းဆက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း။

(၄) အရှေ့အာရှ ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “10+3”လူငယ်သိပ္ပံပညာရှင် ဖိုရမ်စသည့် လှုပ်ရှားမှုပွဲများအား ကျင်းပသွားပြီး ဒေသနိုင်ငံများ ဒီဂျစ်တယ်ကဏ္ဍကွာဟချက်ကို နီးကပ်အောင် ကူညီဆောင်ရွက်သွားလိုရာ ဘက်ပေါင်းစုံနှင့် ဆိုက်ဘာစီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှု၊ အွန်လိုင်းလုံခြုံရေးစသည့် ကဏ္ဍများ၏ နှီးနှောဖလှယ်မျုများကို အားဖြည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

(၅) ငွေကြေးပူးပေါင်းဆောင်ရွက်မှု ရှင်သန်စွမ်းအားကို နှိုးဆွပေးရမည်ဖြစ်ကြောင်း၊ ချင်းမိုင်အဆိုပြုချက် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံသဘောတူညီမှု အထူးပြင်ဆင်ချက် သက်ဝင်လာမှုကို ကြိုဆိုကြောင်း၊ “10+3” မက်ခရိုစီးပွားရေး သုတေသနရုံး၏စွမ်းရည်ကို တိုးချဲ့မှုကို အားပေးထောက်ံကြောင်း။

(၆) အစိမ်းရောင်ရေရှည် တိုးတက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ စွမ်းအင်လုံခြုံရေးအာမခံမှုပေါ်တွင် အခြေခံ၍ စွမ်းအင်သုံးစွဲမှုနှင့်ကုန်ထုတ်လုပ်၊ နေထိုင်မှုပုံစံကို အစိမ်းရောင်ကာဗွန်လျှော့ချခြင်းသို့ အသွင်ပြောင်း တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “10+3” သန့်စင်စွမ်းအင် စားပွဲဝိုင်းဆွေးနွေးမှုများ ဆက်လက်ကျင်းပရမည်ဖြစ်ကာ “10+3” ဆန်စပါးအရေးပေါ်သိုလှောင်မှုယန္တရား၏ ပံ့ပိုးမှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားဖြည့်ဆောင်ရွက်ပြီး ဒေသစားနပ်ရိက္ခာဖူလုံးရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း အကြုံပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံနှင့်အတူ ဒေသတည်ငြိမ်ရေးကို အတူတကွထိန်းသိမ်းကာကွယ်၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း၊ ဒေသစီးပွားရေးပြန်လည်ရှင်သန်အောင် အတူတွန်းအားပေးကာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးရေးထောက်တိုင်ကို အားကောင်းအောင် တည်ဆောက်သွားလိုကြောင်း လီခဲ့ချန်က ပြောကြားခဲ့သည်။

အစည်းအဝေးသို့တက်ရောက်ကြသော ခေါင်းဆောင်များက “10+3”ပူးပေါင်းဆောင်ရွက်မှုယန္တရားတည်ဆောက်ခဲ့သည်မှစပြီး အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းမှု၊ အရှေ့အာရှဒေသဖွံ့ဖြိုးရေးအား တွန်အားပေး‌မှုတွင် အရေးကြီးသည့် အကျိုးဆောင်မှုများ ရှိကြောင်း ပြောကြားခဲ့သည်။ “10+3”၏ နှစ်ပေါင်းများစွာ နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုအကျိုးရလဒ်သည် ဒေသတွင်းနိုင်ငံများသို့ လျင်မြန်စွာ ကပ်ရောဂါကို အတူတိုက်ဖျက်ရာနှင့် ဒေသစီးပွားရေး ပြန်လည်ရှင်သန်အောင်၊ အားလုံးလက်ခံပါဝင်နိုင်မှုတိုးပွားလာအောင် လက်တွဲတိုးမြှင့်ရာတွင် အကျိုးဖြစ်ထွန်းခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

အနာဂတ်ကို မျှော်မှန်း၍ ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူညီချက် (RCEP) ဆောလျင်စွာ အသက်ဝင်နိုင်ရန် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့က အတူတွန်းအားပေးဆောင်ရွက်သင့်ကြောင်း၊ “10+3” အရေးပေါ်ဆေးကုသရေးအထောက်အပံ့ပစ္စည်းသိုလှောင်ရေးစင်တာကို အရှိန်မြှင့်တင်ဆောင်ရွက်ကြရန် ထောက်ခံအားပေးကြောင်း၊ ပြည်သူ့ကျန်းမာရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အပြန်အလှန်ချိတ်ဆက်မှု၊ ဘဏ္ဍရေးပေါင်းစည်းမှု၊ ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ဖြေရှင်းရေး စသည့် ကဏ္ဍများ၏ပူးပေါင်းဆောင်ရွက်မှုကို ထပ်ဆင့်အားဖြည့်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဒေသစက်မှုလုပ်ငန်းပံ့ပိုးမှုကွင်းဆက် တည်ငြိမ်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်သည့် ခေါင်းဆောင်များက ပြောကြားခဲ့သည်။ လာမည့်နှစ် “10+3” ပူးပေါင်းဆောင်ရွက်မှု ၂၅ နှစ်ပြည့် အခွင့်အလမ်းတွင် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်အား ပို၍ တိုးတက်ဖွံ့ဖြိုးလာအောင် တွန်းအားပေးဆောင်ရွက်ကာ အရှေ့အာရှအေးတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး၊ တောင်အာရှနှင့်ကမ္ဘာအတူ ဖွံ့ဖြိုးစည်းပင်သာယာဝပျောရေးကို မြှင့်တင်ရန်၊ ရေရည်ခိုင်မာသောအနာဂတ်အတွက် အပြုသဘောအကျိုးဆောင်မှုများကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

အစည်းအဝေးတွင် “10+3 လူငယ်လူရွယ်နှင့်ကလေးသူငယ် စိတ်ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များ၏ကြေညာချက်” အား အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)