တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေး ၅၇ သိန်း ထောက်ပံ့

CRI, October 21, 2021
Size:

Nikkei Asian Review ဝက်ဘဆိုက် အောက်တိုဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါသည် ဗီယက်နမ်နိုင်ငံ စီးပွားရေးနှင့် လူမှုရေးအတွက် ဆိုးကျိုးဂယက် ရိုက်ခတ်မှုဖြစ်စေကြောင်း၊ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၅၇ သိန်းကို ထောက်ပံ့ပေးမည်ဟု ကြေညာခြင်းသည် ဗီယက်နမ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးစီမံကိန်း အကောင်အထည် ဖော်ဆောင်ရန်အတွက် အရေးကြီး ထောက်ပံ့မှုဖြစ်ပါကြောင်း၊ ယခုလ လဆန်းအထိ ဗီယက်နမ်နိုင်ငံသုံး ကိုဗစ်-၁၉ ကာကွယ်ဆေးစုစုပေါင်းပမာဏ၏ ၂၈ ရာခိုင်နှုန်းသည် တရုတ် Sinopharm ကာကွယ်ဆေးဖြစ်ပြီး လုံးရေပမာဏမှာ ၁၇၇ သိန်း ရှိကြောင်း သိရပါသည်။