NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အဖွဲ့ဝင် ၁၁၄ ဦး၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်း

Yunnan Gateway, October 18, 2021
Size:

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အဖွဲ့ဝင် ၁၁၄ ဦး၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးအား အမှုပိတ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉) အရ ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ ၆၁ ဦး၊ KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၂၃ ဦး၊ KNU/KNLA (PC) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၁ ဦး၊ MNDAA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၁ ဦး၊ RCSS/SSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၁၂ ဦး၊ SSPP/SSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၅ ဦးနှင့် TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၁၁ ဦး စုစုပေါင်း ၁၁၄ ဦးအပေါ်  စွဲဆိုထားသော ပြစ်မှုဆိုင်ရာများအားလုံးကို ပိတ်သိမ်း၍ တရားခံများကို အမှုမှလွှတ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)