ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့(ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးပဋိညာဉ်စာချုပ်)စာချုပ်ချုပ်ဆိုနိုင်ငံများ (၁၅) ကြိမ်မြောက်အစည်းအဝေး (COP15) ပထမအဆင့်ကာလအစည်းအဝေးအား ၁၀ လပိုင်း၊ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင်ကျင်းပခဲ့ပြီး၊ အစည်းအဝေးကြီးတွင်၊ ပြည်တွင်းပြည်ပကိုယ်စားလှယ်များမှ တစ်ကမ္ဘာလုံးဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ်စောင့်ရှောက်ရေးနှင့် ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးအပိုင်းမှ လုပ်ငန်းအတွေ့အကြုံများအားမျှဝေခဲ့ကြပြီး၊ သုတေသနအစီရခံစာများအဖြစ် ထွက်ပေါ်လာပါသည်။ လန်ချန်းမြစ်-မဲခေါင်မြစ်မြစ်ဝှမ်း ဒေသဂေဟစနစ်ပုံစံမျိုးစုံရှိသော်လည်း၊ တစ်ချိန်တည်းတွင်၊ ဤဒေသဂေဟစနစ်ဆိုင်ရာစောင့်ရှောက်မှုများလည်း လွန်စွာခက်ခဲပါသည်။ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သည်လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ ချစ်ကြည်ရင်းနှီးကြသည့် နိုင်ငံများ ဖြစ်သဖြင့်၊ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ်စောင့်ရှောက်ရေးပူးပေါင်းဆောင်ရွက်မှုအပိုင်းများတွင် ကာလတာရှည်စွာလက်တွဲကြိုးပမ်းလာခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် ဇီဝမျိုးစိတ်အသွင်သဏ္ဍာန်သုတေသနနှစ်ပေါင်းများစွာလုပ်ဆောင်ဖူးသော တရုတ်နိုင်ငံ၊ သိပ္ပံနည်းပညာကောလိပ်၊ အရှေ့တောင်အာရှဇီဝမျိုးစုံမျိုးကွဲတည်ရှိရေး သုတေသနစင်တာ၊ ဌာနမှူး လီရန် Li Ren မှ တရုတ်မြန်မာနှစ်နိုင်ငံဇီဝမျိုးစိတ် အသွင်သဏ္ဍာန်များပြားခြင်း ပူးပေါင်းမှုအပိုင်းအားကျွန်ုပ်တို့သတင်းဌာန၏ အထူးအင်တာဗျူးတွင် ဖြေဆိုသွားပါသည်။
အင်တာဗျူးအကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်-----
မေး၊ ဘာဖြစ်လို့ မြန်မာနိုင်ငံမှာ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးသုတေသနလုပ်ရတာလဲ? တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးအပိုင်းမှာအရေးကြီးပုံပြောပြေပေးပါ။
ဖြေ၊ အရှေ့တောင်အာရှက တကမ္ဘာလုံးအပူပိုင်းဒေသမိုးသစ်တောပျံ့နှံပေါက်ရောက်မှုပင်မနေရာကြီး သုံးခုထဲကတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ဇီဝမျိုးစိတ်အသွင်သဏ္ဍာန်များပြားမှုနှင့် ထူးခြားမျိုးစိတ်အကြွယ်ဝဆုံးသောဒေသထဲမှ တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံက အင်ဒိုချိုင်းနားကျွန်းဆွယ်မှာကုန်းမြေဧရိယာ အကျယ်ဆုံးဖြစ်တဲ့နိုင်ငံဖြစ်ပြီး၊ သူ့ရဲ့ထူးခြားတဲ့ဇီဝဘူမိဗေဒနောက်ခံများက သူ့ကို ပိုပြီးတော့လျှို့ဝှက်ဆန်းကြယ်စေခဲ့တဲ့အတွက်၊ ကမ္ဘာ့နိုင်ငံအသီးသီးကဇီဝဗေဒပညာရှင်တွေရဲ့ဂရုပြုမှုကို ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံကလည်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အလွန်အလေးထားပြီး၊ တရုတ်နိုင်ငံအပါအဝင်၊ နိုင်ငံပေါင်းများစွာက သိပ္ပံသုတေသနပညာရှင်များနဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး များပြားလှတဲ့ပူးတွဲသုတေသနဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပေမယ့်၊ အခြေအနေမျိုးစုံ၊ ဘက်ပေါင်းစုံမှ ကန့်သတ်ချက်များကြောင့်၊ လက်ရှိမြန်မာနိုင်ငံမှာ သိပ္ပံနည်းပညာပြီးပြည့်စုံတဲ့၊ တိရိစ္ဆာန်နှင့်သစ်ပင်ပန်းမန်မှတ်တမ်းတစ်ခုမရှိသေးပါ။ မြန်မာနိုင်ငံသည် ဒေသဆိုင်ရာဇီဝမျိုးစိတ်အသွင်သဏ္ဍာန်ပြောင်းလဲမှုအနေအထားနှင့် ဇီဝအရင်းအမြစ်သိုလှောင်အားနဲ့ လှုပ်ရှားမှုတွေကို သေချာစုံစမ်းရန်လိုအပ်ပြီး၊ သက်ဆိုင်တဲ့ နည်းပညာသုတေသနစနစ်နဲ့ အခြေခံသုတေသနအင်အားတိုးတက်ရေးတွေတည်ထောင်လို့၊ ဒေသတွင်းလူမှုစီးပွား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနည်းပညာထောက်ပံ့မှု ပေးနိုင်ရပါမယ်။
တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်မျဉ်း စုစုပေါင်း (၂၁၈၅) ကီလိုမီတာရှိပြီး၊ မျိုးစိတ်ပျံ့နှံမှုက နိုင်ငံနယ်နိမိတ်မရှိဘဲ၊ ဂေဟစနစ်များစွာက နယ်မြေဖြတ်ကျော်ပျံနှံ့လို့၊ ဂေဟ စနစ်ဝန်ဆောင်မှုတွေက နှစ်နိုင်ငံ ပြည်တွင်းနဲ့ နှစ်နိုင်ငံအကြားအပြန်အလှန်စီးဆင်းနေပါတယ်။ တစ်နိုင်ငံတည်းအင်အားနဲ့၊ဇီဝမျိုးစိတ် အသွင်သဏ္ဍာန်များပြားခြင်းပြီးပြည်စုံမှုကို အကျိုးရှိရှိကာကွယ်စောင့်ရှောက်နိုင်ဖို့ အလွန်ခက်ခဲပါတယ်။ ပြီးတော့ အရင်တုန်းက ကျွန်တော်တို့ထင်တာက ဇီဝမျိုးစိတ်အတော်များများက တရုတ်နိုင်ငံမှာပဲရှိတာ၊ တကယ်တော့သူတို့ကမြန်မာနိုင်ငံမှာလည်းသဘာဝအလျောက်ပျံ့နှံ့တည်ရှိနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ကွင်းဆင်းလေ့လာမှုမလုပ်ရသေးတာပဲရှိတယ်။ အဲဒါကြောင့် တရုတ်မြန်မာနှစ်နိုင်ငံဇီဝမျိုးစိတ်များပြားမှုပူးပေါင်းဆောင်ရွက်ရေးက အလွန်အရေးကြီးသလို၊ နှစ်ဦးနှစ်ဖက်လုံးရဲ့တူညီတဲ့လိုအပ်ချက်လည်း ဖြစ်ပါတယ်။
မေး၊ တရုတ်မြန်မာဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ်စောင့်ရှောက်မှုသုတေသန ဆောင်ရွက်ရာမှာ ဘယ်လိုအခက်အခဲတွေကြုံခဲ့ရပါသလဲ?ဘယ်လိုဖြေရှင်းပါသလဲ?
ဖြေ၊ တောရိုင်းတိရိစ္ဆာန်သစ်ပင်ပန်းမန်မှောင်ခိုရောင်းဝယ်မှု၊ ဇီဝအရင်းအမြစ်တွေကို မှောင်ခိုရယူမှု၊ သစ်တောဖျက်ဆီးခံရမှု၊ အဓိကမျိုးစိတ်နဲ့ သူနေထိုင်ကျက်စားရာနေရာတွေ အကျိုးရှိရှိ ကာကွယ်စောင့်ရှောက်ခြင်းမရရှိခဲ့မှု၊ ဇီဝမျိုးစိတ်အသွင်သဏ္ဍာန်သတင်းအချက်အလက်မပြည့်စုံမှု၊ ပြီးတော့ရာသီဥတုပြောင်းလဲမှုစတဲ့အကြောင်းအရာတွေက ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ်စောင့်ရှောက်တဲ့နေရာမှာ ကြုံရတဲ့အခက်အခဲတွေပါပဲ။
အရင်ဆုံးကျွန်တော်တို့အနေနဲ့၊ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးနောက်ခံစစ်ဆေးမှုနဲ့ သတင်းအချက်အလက်စုစည်းမှုကို တိုးမြှင့်ဆောင်ရွက်ဖို့လိုပါတယ်။ ဒါကအခြေခံအကျဆုံးလုပ်ငန်းဖြစ်ပြီး၊ အခြေခံအချက်အလက်တွေမရှိရင်၊ မျိုးစိတ်ဘယ်လောက်ရှိလဲမသိ၊ ဘယ်လိုမျိုးစိတ်ကဘယ်လိုကာကွယ်စောင့်ရှောက်မှုအဆင့်မှာ ရောက်နေလဲမသိ၊ အကျိုးရရှိဆောင်ရွက်ဖို့နဲ့ တိကျစွာလုပ်ဆောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
နံပတ် (၂)၊ အမှန်တကယ်အကျိုးရှိတဲ့ ကာကွယ်စောင့်ရှောက်မှု အကောင်အထည်ဖော်ဖို့ဆိုရင် နိုင်ငံအသီးသီးရဲ့တစ်ကိုယ်တော်တိုက်ပွဲဆင်နေရုံနဲ့ မလုံလောက်တာသေချာပါတယ်။ သက်ဆိုင်တဲ့ဆုံးဖြတ်သူနဲ့စီမံအုပ်ချုပ်သူတွေအနေနဲ့၊ နိုင်ငံရေးနယ်ပယ်ကို ဖြတ်ကျော်ရပါမယ်။ မူဝါဒ၊ စီမံခန့်ခွဲမှုနဲ့ သတင်းအချက်အလက်အပိုင်းတွေမှာ အကျိုးရှိတဲ့ဆွေးနွေးမှုနဲ့အပေးအယူပြုမှုတွေလုပ်ပြီး၊ ပူးပေါင်းကင်းလှည့်ကာကွယ်မှုနဲ့ တရားဥပဒေပြုမှုကို လုပ်ဆောင်ရပါမယ်။
နံပတ် (၃)၊ နိုင်ငံဖြတ်ကျော်ကာကွယ်စောင့်ရှောက်မှုအပေါ် ဂရုပြုမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးက နိုင်ငံနယ်နိမိတ်ဆိုတာမရှိဘူး။ ကျွန်တော်တို့နဲ့မြန်မာနိုင်ငံက နယ်မြေချင်းထိစပ်နေပြီး ဇီဝမျိုးစိတ်တွေက နိုင်ငံနယ်နိမိတ်ပေါ်မှာ ဖြတ်သန်းသွားလာနေတော့ တိရိစ္ဆာန်ပန်းမန်ခွဲခြားမှုစနစ်ကတူညီမှုတွေအများကြီးရှိနေပါတယ်။ နိုင်ငံဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပြီး အတူတကွကြိုးပမ်းမှ အကျိုးရှိရှိ ကာကွယ်စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ အကြီးစားနိုင်ငံဖြတ်ကျော်သဘာဝဘေးမဲ့တော (ဒါမှမဟုတ်) အမျိုးသားဥယျာဉ်တည်ဆောက်ခြင်း၊ ဥပမာ၊ ကောင်းလီကုန့်အမျိုးသားဥယျာဉ်နဲ့ နယ်မြေဖြတ်ကျော်ဘေးမဲ့ တောလိုမျိုးက အကျိုးရှိတဲ့နည်းလမ်းတစ်မျိုးပါပဲ။
နံပတ် (၄)၊ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးနဲ့ ယဉ်ကျေးမှုအသွင်သဏ္ဍာန်များပြားမှုရဲ့ ပတ်သက်ဆက်နွယ်မှုကို အလေးထားပြီး ကာကွယ်မှုတွေထဲက အကျိုးရရှိစေရပါမယ်။ လူသား တိုင်းရင်းသားမျိုးနွယ်အလွန်များပါတယ်။ နှစ်ပေါင်းထောင်ချီတဲ့ကာလအတွင်းမှာ၊ ပတ်ဝန်းကျင်နဲ့ခွဲခြားလို့မရတဲ့ ဆက်နွှယ်မှုတွေရှိနေပါတယ်။ သဘာဝအရင်းအမြစ်အပေါ် အသုံးချတာက ရှည်လျားတဲ့သမိုင်းကြောင်းများကြောင့် အသီးသီးရဲ့ ရိုးရာယဉ်ကျေးမှုဖြစ်လာပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကို ကာကွယ်စောင့်ရှောက်နေတဲ့ တစ်ချိန်တည်းမှာ နောက်တဆင့်နားလည်ခြင်းနဲ့ ယဉ်ကျေးမှု အသွင်သဏ္ဍာန်များပြားမှုအပေါ် သိရှိခြင်းက၊ ဇီဝမျိုးစိတ် အသွင်သဏ္ဍာန်များပြားမှုရဲ့အခြေခံထောက်တိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။ တောတောင်ရေမြေစိမ်းလန်းစိုပြေဖို့အတွက် လူမှုဘဝရှေ့အလားအလာကိုလည်း ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ သူ့ရဲ့စိမ်းလန်းတိုးတက်မှုအကောင်အထည်ဖော်ဖို့ ကူညီနိုင်မှာဖြစ်ပါတယ်။ ဒါကလည်း ဒီတစ်ခေါက်ကူမင်းကြေညာချက် တက်ကြွစွာ နှိုးဆော်ထားခြင်းဖြစ်ပါတယ်။
နံပတ် (၅)၊ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးရဲ့သိပ္ပံနည်းပညာဗဟုသုတနဲ့ပတ်ဝန်းကျင် ပညာရေးကို တိုးမြှင့်ဆောင်ရွက်ရပါမယ်။ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးက သာမန်ပြည်သူတွေအတွက်နားလည်ရခက်ခဲတဲ့သဘောတရားဖြစ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးရဲ့ကာကွယ်စောင့်ရှောက်မှုက သိပ္ပံသုတေသနသမားတွေ အစိုးရတာဝန်ရှိသူတွေနဲ့ တင်မလုံလောက်ပါဘူး၊ အများပြည်သူကိုလည်း ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေး ကာကွယ်စောင့်ရှောက်ခြင်းရဲ့အဓိကသဘောတရားကို သိရှိနားလည်စေရပါမယ်။ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ် စောင့်ရှောက်ခြင်း၊ လူသားနဲ့ သဘာဝသဟမျှတနေထိုင်နိုင်ဖို့ အသိရှိခြင်းတွေကို တည်ဆောက်ပေးပြီးတော့ တစ်မျိုးသားလုံးသဘာဝကြီးကို ချစ်မြတ်နိုး၊ ဂေဟစနစ်ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ စိတ်ဓါတ်တွေကိုနှိုးဆွပေးရမှာဖြစ်ပါတယ်။ ပါတီအထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်က (ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးပဋိညာဉ်စာချုပ်) စာချုပ်ချုပ်ဆိုနိုင်ငံများ (၁၅) ကြိမ်မြောက်ခေါင်းဆောင်များအစည်းအဝေးမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ လူသားနဲ့သဘာဝတို့ သဟမျှတစွာအတူရှင်သန်နေထိုင်ပြီး ကျွန်တော်တို့အနေနဲ့ သဘာဝတရားကြီးအပေါ်လေးစားသောစိတ်ထားပြီး သဘာဝတရားကြီးကို လေးစား၊ သဘာဝတရားကြီးကို လိုက်နာ၊ သဘာဝတရားကြီးကို စောင့်ရှောက်ကာကွယ်လို့၊ လူသားနဲ့သဘာဝကြီးတို့အေးချမ်းစွာအတူရှင်သန်နေထိုင်တဲ့ကမ္ဘာမြေကြီးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့၊ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးရဲ့ ခေတ်စားမှုကို တိုးမြှင့်ပြီး ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ်စောင့်ရှောက်ရေးရဲ့ ဗဟုသုတတိုးမြှင့်မှုလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ရပါမယ်။ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ်စောင့်ရှောက်ခြင်းက ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်အပေါ် ကျွန်တော်တို့ရဲ့စဉ်ဆက်မပြတ်တိုးတက်မှုအပေါ် အရေးပါတဲ့အဓိပ္ပါယ်ရှိတယ်ဆိုတာ လူတွေအများကြီးသိဖို့ လိုအပ်ပြီးတော့ များပြားတဲ့ ကျယ်ပြန့်တဲ့ပြည်သူတွေရဲ့ အရပ်ဘက်အသိတွေကို လက်ခံရယူခဲ့ရင် ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ်စောင့်ရှောက်ခြင်းက ပြည်သူများရဲ့ လက်ခံမှုနဲ့ပိုမို ကြွယ်ဝတဲ့အကြောင်းအရာတွေလည်းရှိသွားပါမယ်။
မေး၊ တရုတ်မြန်မာနှစ်နိုင်ငံကဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ်စောင့်ရှောက်တဲ့ အပိုင်းမှာဘယ်လိုအောင်မြင်မှုရလဒ်တွေရခဲ့သလဲ?
ဖြေ၊ မြန်မာနိုင်ငံဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးပူးပေါင်းဆောင်ရွက်မှုသုတေသနပလက်ဖောင်း နဲ့ကွန်ယက်တည်ဆောက်မှုပူးပေါင်းဆောင်ရွက်မှုအပိုင်း- မြန်မာနိုင်ငံသဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံသဘာဝနှင့် တောရိုင်းတိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာန၊ မြန်မာနိုင်ငံသစ်တောပညာဘွဲ့လွန်ကျောင်းသားများ၊ မြန်မာနိုင်ငံသစ်တောတက္ကသိုလ်၊ မြန်မာနိုင်ငံစိုက်ပျိုးရေးတက္ကသိုလ်စတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတဆင့် မြန်မာနိုင်ငံနေပြည်တော်မှာ တရုတ်နိုင်ငံ သိပ္ပံနည်းပညာကောလိပ်၊ အရှေ့တောင်အာရှဇီဝမျိုးစုံမျိုးကွဲတည်ရှိရေး သုတေသနစင်တာ မြန်မာနိုင်ငံစင်တာနဲ့ တရုတ်မြန်မာသိပ္ပံပညာစင်တာတည်ထောင်ခဲ့ပြီး ပူးပေါင်းဓါတ်ခွဲခန်း (၄) ခုဖွင့်လှစ်ခဲ့ကာ အရှေ့တောင်အာရှစင်တာပလက်ဖောင်းကနေ သုတေသနလုပ်ငန်းများလုပ်ဆောင်လိုသည့်ပြည်တွင်းပြည်ပပညာရှင် (၂၀၀) ကျော်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။
တရုတ်မြန်မာဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးပူးပေါင်းသုတေသနပြုမှုနဲ့ မျိုးစိတ်သစ်တွေ့ရှိမှုအပိုင်းများတွင် ၂၀၁၄-၂၀၁၉ ခုနှစ်မှာ အရှေ့တောင်အာရှစင်တာနဲ့ မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကြီးစား တရုတ်မြန်မာ ပူးပေါင်းသုတေသနပြုမှုဆောင်ရွက်ခဲ့ပြီး သောင်းချီတဲ့မျိုးစိတ်တွေရဲ့ အချက်အလက်စုဆောင်းမှုနဲ့ မှတ်တမ်းတင်မှုတွေလုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကစပြီး သုတေသနအဖွဲ့ကြီးက တိရိစ္ဆာန်သစ်ပင်ပန်းမန်မျိုးစိတ်သစ် (၁၀၂) ခု (မျိုးခွဲ ၃ ခု၊ မျိုးစိတ် ၇ ခု) တွေ့ရှိခဲ့ပြီး ကချင်မုလန်၊ကချင်ရှောင်လန်တို့က ဒီနှစ်တွေမှာ ခွဲခြားရအင်မတန်ခက်ခဲတဲ့အပင်ကြီးမျိုးသစ် ဖြစ်ပါတယ်။ အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးစင်တာက မြန်မာနိုင်ငံမှာမျိုးစိတ်သစ်တွေ့ရှိ တဲ့အဓိကအင်အားတွေထဲက တစ်ခုဖြစ်လာပါတယ်။ စာရင်းတွေအရဆိုရင် ၂၀၁၇-၂၀၂၀ ခုနှစ် အရှေ့တောင်အာရှစင်တာကမြန်မာနိုင်ငံမှာ ထုတ်ပြန်ခဲ့တဲ့ သစ်ပင်ပန်းမန်မျိုးစိတ်သစ်အရေအတွက်က တကမ္ဘာလုံးကတစ်ချိန်တည်း မြန်မာနိုင်ငံမှာထုတ်ပြန်ခဲ့တဲ့စုစုပေါင်းအရေအတွက်ရဲ့ (၅၀%) ဖြစ်ပါတယ်။ တရုတ်မြန်မာ ပူးပေါင်းသုတေသနပြုမှုကကမ္ဘာကို မြန်မာနိုင်ငံဇီဝမျိုးစိတ်အသွင်သဏ္ဍာန် များပြားမှုဆိုတဲ့ လျှို့ဝှက်သည့်မျက်နှာဖုံးကလှပ်ပြခဲ့ပါတယ်။ ပြီးတော့ တရုတ်နိုင်ငံကတက်ကြွစွာ အကျိုးပြုမှုတွေကိုလက်ဆင့်ကမ်းနိုင်ခဲ့ပြီး တရုတ်မြန်မာနှစ်နိုင်ငံရဲ့ အများပြည်သူဆိုင်ရာသိပ္ပံနည်း ပညာပြန့်ပွားမှုအပိုင်းမှာ ဆွေးနွေးဖလှယ်မှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေတိုးမြှင့်နိုင်ခဲ့ပါတယ်။ အစိမ်းရောင် “Belt and Road” ကို အတူတကွတည်ဆောက်ဖို့ကောင်းမွန်တဲ့နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အနေအထားကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ်စောင့်ရှောက်ခြင်းကျွမ်းကျင်သူ ပျိုးထောင်မှု အပိုင်း -
၂၀၁၆ ခုနှစ်ကစပြီး အရှေ့တောင်အာရှစင်တာကတရုတ်နိုင်ငံသိပ္ပံနည်းပညာကောလိပ် တက္ကသိုလ်ရဲ့အကူအညီနဲ့ မြန်မာနိုင်ငံသား၊ ပါရဂူကျောင်းသား (၉) ယောက်၊ ဘွဲ့လွန်ကျောင်းသား (၃၆) ယောက်လက်ခံခဲ့ပြီဖြစ်ပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံ အပူပိုင်းဒေသသစ်ပင်ပန်းမန်များအတည်ပြုခြင်းနဲ့ သစ်တောစီမံခန့်ခွဲမှု မွမ်းမံသင်တန်းတွေကနေ Belt and Road စိုက်ပျိုးရေးသစ်ပင်ပန်းမန် ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးသုတေသနနဲ့ သုတေသနနိုင်ငံတကာမွမ်းမံသင်တန်းစတာတွေက မြန်မာနိုင်ငံအတွက် သိပ္ပံနည်းပညာကျွမ်းကျင်သူ (၁၅၀) ခန့်ပျိုးထောင်ပေးပြီးဖြစ်ပါတယ်။
မေး၊ ဆရာ့အနေနဲ့၊ တရုတ်မြန်မာနှစ်နိုင်ငံ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ်စောင့်ရှောက်ခြင်းပူးပေါင်းဆောင်ရွက်ရာမှာ ဘယ်လိုမျှော်လင့်ချက်တွေရှိသလဲ၊ ပူးပေါင်းဆောင်ရွက်မှုတွေပိုကောင်းအောင်ဘယ်လိုဆောင်ရွက်သင့်သလဲ?
ဖြေ၊ ခြုံပြောရရင်တော့၊ ကြီးမားတဲ့အောင်မြင်မှုရလဒ်ထွက်လာဖို့မျှော်လင့်တာပေါ့၊ တကယ်လို့ မြန်မာနိုင်ငံ သစ်ပင်ပန်းမန်မှတ်တမ်းပိုင်းတွေမှာ ထိုးဖောက်မှုတွေရှိခဲ့တာမျိုး၊ နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးရှိတဲ့မူဝါဒကိုလိုက်နာပြီး ကျွန်တော်တို့နှစ်ဦးနှစ်ဖက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုစနစ်တွေပိုပြီးတော့ သွက်လက်၊ ပုံစံတွေပိုပြီးတော့ များပြားရပါမယ်။ ဥပမာ နှစ်ဖက်ခေါင်းဆောင်များနဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေအပြန်အလှန်သွားရောက်တွေ့ဆုံခြင်း၊ အကြိမ်များစွာအသွားအပြန်ဗီဇာများ၊ ဘေးမဲ့တော စစ်ဆေးဧရိယာချဲ့ခြင်းစတဲအပိုင်းတွေမှာ ပိုပြီးတော့အဆင်ပြေဖို့လိုပါတယ်။ အဲဒါပြီးတော့ ပြည်သူ့ဘဝနေထိုင်မှုနဲ့ သိပ္ပံပညာဗဟုသုတမျှဝေမှုလုပ်ငန်းတွေလုပ်ကိုင်ပြီး ကျွမ်းကျင်သူပျိုးထောင်ခြင်းနဲ့နိုင်ငံ တကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဆောင်ရွက်တာကလည်းကျွန်တော်တို့ရဲ့ လုပ်ငန်းအဓိကအချက်တစ်ချက်ဖြစ်ပါတယ်။
အသေးစိတ်ပြောရရင် တရုတ်မြန်မာနှစ်နိုင်ငံမှာ ကောင်းမွန်တဲ့နှစ်ဦးနှစ်ဖက်ဆက်ဆံရေးတွေရှိ နေပါတယ်။ မြန်မာနိုင်ငံသဘာဝအရင်းအမြစ်နဲ့ ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှုဝန်ကြီးဌာနက တရုတ်နိုင်ငံသိပ္ပံနည်းပညာကောလိပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို လွန်စွာအလေးထားပြီး အားပေးပါတယ်။ သူတို့ရဲ့စုစည်းမှုနဲ့ ဦးဆောင်မှုတွေအောက်မှာ သိပ်မကြာတော့တဲ့အနာဂတ်မှာ မြန်မာနိုင်ငံဇီဝမျိုးစိတ်အသွင်သဏ္ဍာန်များ ပြားမှုစစ်ဆေးခြင်း လိုအပ်နေတဲ့ ချို့ယွင်းမှုတွေကို ပဏာမအနေနဲ့ဖြည့် ဆည်းသွားနိုင်မှာ ဖြစ်ပါတယ်။ တိရိစ္ဆာန်သစ်ပင်ပန်းမန်မျိုးစစ်သစ်တွေ ထပ်မံတွေ့ရှိဖို့မျှော်လင့်ချက် တွေရှိနေပြီး၊ မြန်မာနိုင်ငံဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးအရင်းအမြစ်အနေအထားများကို ကမ္ဘာ့လူသားတွေရှေ့ကို အပြည့်အစုံပြသနိုင်တော့မှာပါ။ ဥပမာ တိရိစ္ဆာန်သစ်ပင်ပန်းမန်ဆိုင်ရာ အထူးထုတ် စာအုပ်နဲ့တိရိစ္ဆာန်မှတ်တမ်း၊ သစ်ပင်ပန်းမန်မှတ်တမ်းတွေထုတ်ဝေခြင်း စတာတွေနဲ့ မြန်မာနိုင်ငံဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးရဲ့ကာကွယ်စောင့်ရှောက်မှုအတွက်ခိုင်မာတဲ့ အုတ်မြစ်ချက်ထားပေးနိုင်မှာဖြစ်ပါတယ်။
“Belt and Road” အဓိကဖွဲ့စည်းမှုအစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြန်ကို တိုးမြှင့်ဆောင်ရွက်နေပြီး သက်ဆိုင်ရာနိုင်ငံများရဲ့ နှစ်ဦးနှစ်ဖက်၊ ဘက်ပေါင်းစုံသိပ္ပံနည်း ပညာပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်လာမှာပါ။ ကျွန်တော်တို့အကြံပြုချင်တာက တရုတ်မြန်မာအပိုင်းက လုပ်ငန်းတွေကိုပိုမိုဆောင်ရွက်ဖို့ ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးအပါအဝင် လမ်းကြောင်းတစ်လျောက်သဘာဝ အရင်းအမြစ် အခြေခံတွေကိုသေချာသိရှိထားရပါမယ်။
နှစ်ဖက်မှတန်းတူညီတူရှိကာအတူအကျိုးရှိခြင်းဆိုတဲ့မူဝါဒအရ၊ ဆွေးနွေးဖလှယ်မှုပိုမိုဆောင်ရွက်ရပါမယ်။ ဥပမာ တစ်ဖက်သားရဲ့ကာကွယ်စောင့်ရှောက်မှု၊ စီမံခန့်ခွဲမှုနဲ့တရားစီရင်မှု ဘယ်လိုဆောင်ရွက်သလဲ၊ သတင်းအချက်အလက်ဂိုဒေါင် ဘယ်လို တည်ဆောက်လည်ပတ်ရမလဲ။တစ်ချိန်တည်းမှာ နိုင်ငံအသီးသီးရဲ့တိုးတက်မှု အနေအထားတွေအရ အကျိုးတူပူးပေါင်းဆောင်ရွက်လို့ ရမယ့်အချက်ကို ရှာဖွေနိုင်ရပါမယ်။
အများကောင်းကွက်များယူ ပူးပေါင်းဆောင်ရွက်မှုအင်အားဖြစ်စေမည်။ ဒေသခံပညာရှင်တွေကို ဆက်သွယ်ရုံတင်မကဘူး၊ ပြည်တွင်းပြည်ပအင်အားတွေကိုလည်း စုစည်းပေးနိုင်ဖို့လိုပါတယ်။ နိုင်ငံ တကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဆောင်ရွက်ရပါမယ်။ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့နိုင်ငံတကာအဖွဲ့အစည်းအတော်များများတက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါတယ်။ ဥပမာ IUCNစတဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း။ သူတို့ရဲ့နိုင်ငံတကာအဆင့်ကွန်ယက်ကြီးက အောင်မြင်မှု ရလဒ်တွေတိုးချဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမျိုးစုံနဲ့ပေါင်းစပ်ပြီး ပိုမိုအကျိုးရှိစေမယ့် အနေအထားကို ဖြစ်လာစေမှာပါ။
ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးကာကွယ်စောင့်ရှောက်ခြင်းသိပ္ပံဗဟုသုတပညာပေးမှု တိုးမြှင့်ဆောင်ရွက်ရပါမယ်။ ကျေးရွာနဲ့ကျောင်းတွေမှာ သက်ဆိုင်ရာမြှင့်တင်ရေး လှုပ်ရှားမှုတွေဆောင်ရွက်ရပါမယ်။ ပညာပေးမြှင့်တင်ရေးလှုပ်ရှားမှုတွေ ပိုမိုကောင်းမွန်လာဖို့၊နောက်ပိုင်းမှာ၊ သင်ရိုးညွှန်း တမ်းတွေထပ်မံမြှင့်တင်ပြီး ပျိုးထောင်မှုတွေတိုးမြှင့်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။