တရုတ်-လာအို ရထားလုပ်ငန်း Overhead လိုင်း ဓာတ်အား အောင်မြင်စွာ ပို့လွှတ်

CRI, October 18, 2021
Size:

အောက်တိုဘာလ ၁၇ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် တရုတ်မီးရထား ကော်ပိုရေးရှင်း အုပ်စု ဝူဟန့် လျှပ်စစ်ဓာတ်အား ဦးစီးဌာန ဆောက်လုပ်ပြီး တရုတ်မီးရထား အုပ်စု အမှတ် (၂) ဌာနမှ ဒီဇိုင်းပြုလုပ်သော တရုတ်-လာအို ရထားလုပ်ငန်း Overhead လိုင်းတွင် တစ်ချိန်တည်းဖြင့် ဓာတ်အားကို အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ပြီး ယခုအကြိမ်တွင် တရုတ်- လာအို ရထားလုပ်ငန်း၏ ဘိုထေ၊ မွန်ဆိုင်း၊ လောင်ဘရာပန်၊ ဗီယင်ကျန်းရှိ ဘူတာရုံ ၂၀ နှင့် ရထားလိုင်း  ၄၂၂့၄၄၁ ကီလိုမီတာသို့ ဓါတ်အား ပို့လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။