တရုတ်-လာအို ရထားလုပ်ငန်း “လန်ချန်း” မြန်နှုန်းမြှင့်ရထားကို တရားဝင် ပေးအပ်

CRI, October 17, 2021
Size:

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၆ ရက်နေ့တွင် မြန်နှုန်းမြှင့်ရထားတစ်စင်းသည် မကြာခင်က တည်ဆောက်ပြီးစီးခဲ့သည့် တရုတ်-လာအို ရထားလုပ်ငန်း ဗီယင်ကျန်း ဘူတာရုံသို့ ရောက်ရှိပြီး လာအို-တရုတ် ရထားလုပ်ငန်း ကုမ္ပဏီကို တရားဝင်  လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယင်းရထားကို “လန်ချန်း”ဟု အမည်ပေးထားပါသည်။

လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် လာအို အများပြည်သူ့ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဗွန်ရှာဝါ စီပန်တွန်က တရုတ်နှင့် လာအိုနှစ်ဘက်တို့သည် လက်တွဲကြိုးပမ်းအားထုတ်ခြင်းဖြင့် တရုတ်-လာအို ရထားလုပ်ငန်းကို ကောင်းမွန်စွာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းရထားလုပ်ငန်းကို နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုနိုင်သော နှစ်နိုင်ငံချစ်ကြည်ရေး အမှတ်အသားလုပ်ငန်းအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

လာအိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျိုက်တုံးက ယင်းမြန်နှုန်းမြှင့်ရထားပေးအပ်ခြင်းသည် တရုတ်-လာအိုရထားလုပ်ငန်းဆိုင်ရာ အရေးကြီးသည့် တိုးတက်မှု ဖြစ်သည့်အပြင် “Belt and Road” အဆိုပြုချက်နှင့် လာအိုနိုင်ငံအား “ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံကနေ အခြင်းနိုင်ငံများနှင့် ဆက်သွယ်နိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲလာခြင်း” ကိုချိတ်ဆက်ရေးဆိုင်ရာ အမှတ်အသား အောင်ကျိုးရလဒ်လည်းဖြစ်ကြောင်း ပြောကြားပါသည်။