တရုတ်-လာအို ရထားလမ်းပိုင်း၏ အရေးအပါဆုံးလာအိုဘူတာရုံ တည်ဆောက်မှု ဒီဇင်ဘာတွင်အပြီးသတ်မည်

Yunnan Gateway, October 12, 2021
Size:

တရုတ်-လာအိုရထားလမ်း ဘူတာရုံကို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ဆောက်လုပ်နေဆဲ ဖြစ်သည်။

တရုတ်-လာအို ရထားလမ်းပိုင်း၏ အရေးအပါဆုံးနှင့်အကြီးဆုံးဘူတာရုံတစ်ခုဖြစ်သည့် ဗီယန်ကျင်းဘူတာကို တရုတ်နိုင်ငံ China Railway Construction Group Co.,Ltd မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဘူတာတွင် စင်္ကြံ ၃ ခုနှင့် ရထားလမ်းကြောင်း ၅ ခုပါဝင်ပြီး ၊ အရန် ရထားလမ်းကြောင်း နှစ်ခုနှင့်အတူ ထပ်တိုး စင်္ကြံ နှစ်ခု ထည့်သွင်းထားကြောင်းသိရသည်။

အကျယ်အဝန်းအားဖြင့် စတုရန်းမီတာပေါင်း ၁၄,၅၄၃ မီတာရှိသည့် ဘူတာတွင် ခရီးသည်အများဆုံး ၂၅၀၀ ခန့် ဝင်ထွက်သွားလာနိုင်စေရန် တည်ဆောက်ထားကြောင်း ဗီယန်ကျင်းအခြေစိုက် ရထားလမ်းဖောက်လုပ်ရေးနှင့် လည်ပတ်ရေးတာဝန်ကို တရုတ်နိုင်ငံနှင့်အကျိုးတူပူးပေါင်းလုပ်ဆောင်သည့် Laos-China Railway Co.,Ltd က ဆိုသည်။

ဗီယန်ကျင်းဘူတာသည် စန္ဒကူးတို့မြေ (ဗီယန်ကျင်း) ၏ အငွေ့အသက်များဖြင့် ဒီဇိုင်းတည်ဆောက်ထားသည့်အပြင် တရုတ်-လာအိုနှစ်နိုင်ငံချစ်ကြည်ရေးကိုဖော်ဆောင်သည့်အနေဖြင့် နှစ်နိုင်ငံ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း နက်ရှိုင်းစွာ ထည့်သွင်းဖော်ဆောင်တည်ဆောက်ထားသည်။

ဘူတာ၏ ပင်မအဆောက်အဦးကို တရုတ်ရိုးရာ ရှေးဟောင်းဗိသုကာလက်ရာဖြင့် ဖန်တီးထားပြီး ဗီယန်ကျင်းမြို့၏သဘာဝပတ်ဝန်းကျင်နှင့် တရုတ်နိုင်ငံ၏ ဂန္တဝင်မြောက် လက်မှုပညာ ပေါင်းစပ်ထားသော တံခါးပုံစံလည်း ထည့်သွင်းတည်ဆောက်ထားသည်။

ဘူတာမျက်နှာစာကို အပူပိုင်းမိုးသစ်တောသစ်ပင်များ၏ ပုံရိပ်တစ်စိတ်တစ်ပိုင်းဖြင့်တည်ဆောက်ထားပြီး သစ်ကိုင်းပုံ တံစက်မြိတ် ၈ ခုကို ထည့်သွင်းထားသည့်အပြင် သံမဏိအကြမ်းထည်ဖြင့် ဘူတာအမိုးကို ထောက်ပံ့ထားသည်။ ဘူတာရုံအတွင်းနေသာသည့်အချိန်တွင် ဘူတာမျက်နှာစာသို့ သစ်ပင်ရိပ်ကျနေသည့်သဏ္ဍာန်ပြုလုပ်ထားရာ ၎င်းမှာ စန္ဒကူးမြို့ ပုံရိပ်ကို အပြည့်အဝ ထင်ဟပ်ဖော်ညွှန်းထားခြင်းဖြစ်သည်။

ဘူတာရုံအတွင်း၌ လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ်ပန်းဖြစ်သည့် Dok Champa ပန်း၏ အရောင်ကို ကျယ်ပြန့်စွာ ခြယ်သထားသည်။

တရုတ်-လာအိုရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံက အဆိုပြုတင်သွင်းသည့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်နှင့် လာအိုနိုင်ငံ၏ ကုန်းတွင်းပိတ်နိုင်ငံမှသည် ကုန်းတွင်းချိတ်ဆက်နိုင်ငံအဖြစ်သို့ ပြုပြင်ပြောင်းလဲရေးဗျူဟာအောက်တွင် အကောင်အထည်ဖော်ဆောင်သည့်စီမံကိန်းတစ်ခုဖြစ်သည်။

လျှပ်စစ်ဖြင့်လည်ပတ်သည့် ခရီးသည်နှင့်ကုန်တင်ရထားလမ်းကို တရုတ်နိုင်ငံ၏နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများနှင့် အပြည့်အဝ စီမံခန့်ခွဲပြီး တည်ဆောက်ထားခြင်းဖြစ်သည်။ တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် စတင်ပြေးဆွဲရန် လျာထားကြောင်းသိရသည်။ (Xinhua)