နိုင်ငံခြားငွေဈေးကွက်ကြီးကြပ်မှုကို မြှင့်တင့်ရန် မြန်မာနိုင်ငံက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပြင်ဆင်

CRI, October 7, 2021
Size:

နိုင်ငံခြားငွေဈေးကွက်ကြီးကြပ်မှုကို မြှင့်တင့်ရန် မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ဒေသစံတော်ချိန် အောက်တိုဘာလ ၆ ရက်နေ့ညတွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၁ နှင့် ၄၄ တို့ကို ပြင်ဆင်ခဲ့ပါသည်။

ယင်းဥပဒေသစ်ကို လက်တွေ့ဖော်ဆောင်ပြီးနောက် အရပ်ဘက် ငွေကြေးလဲလှယ်ရေးဌာနများနှင့် မှောင်ခိုဘဏ်လုပ်ငန်းရှင်များကို ယင်းဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်မည်ဟု မြန်မာမီဒီယာများကသုံးသပ်ပါသည်။