တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား ကုန်းတွင်း-ပင်လယ် ကုန်သွယ်ရေးစင်္ကြံချိတ်ဆက်

Yunnan Gateway, September 24, 2021
Size:

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှ ထွက်ခွာလာသော ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့သို့ စက်တင်ဘာ ၂၃ ရက်က ရောက်ရှိလာခဲ့သည်။ အဆိုပါ ရထားသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ရထားလမ်းဝန်ဆောင်မှုအသစ် စတင်ခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၆၂ သန်းခန့်ရှိသော စက်ကိရိယာများ၊ အဝတ်အထည်များနှင့် အခြားကုန်စည်များ တင်ဆောင်လာခဲ့သောရထားသည် ၈ ရက်ကြာခရီးနှင်ခဲ့ကြောင်း ကုန်းတွင်း-ပင်လယ်စင်္ကြံသစ်အော်ပရေးရှင်းကုမ္ပဏီလီမိတက်က ပြောကြားခဲ့သည်။

နိုင်ငံတကာ ကုန်းတွင်း-ပင်လယ် စင်္ကြံအသစ်သည် စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်ပိုင်း ပြည်နယ်အဆင့် ဒေသများမှ ပူးတွဲတည်ဆောက်ထားသော ကုန်သွယ်ရေးနှင့် ထောက်ပံ့သယ်ပို့ရေး ဖြတ်သန်းသွားလာခွင့် ဖြစ်သည်။ ချုံချင့်မြူနီစီပယ်သည် အဆိုပါ စင်္ကြံအတွက် လည်ပတ်ရေးဗဟိုချက်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် ရထားလမ်း ရထားများသည် အချိန်မှန်ပြီး ကုန်ကျစရိတ်သက်သာကြောင်း၊ ချုံချင့်မြို့သို့ ရောက်ရှိပြီးနောက် တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ယူရေးရှား ထောက်ပံ့သယ်ပို့ကဏ္ဍ အကြီးအကဲ Li Na က ပြောကြားခဲ့သည်။ (Xinhua)