ကမ္ဘောဒီးယားသုတေသီများက ကိုဗစ်-၁၉ ဗိုင်းရပ်စ်အရင်းအမြစ် ရှာဖွေရန် လင်းနို့နမူနာများကို စုဆောင်းစမ်းသပ်နေ

CRI, September 24, 2021
Size:

ရိုက်တာသတင်းဌာနက စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည့်သတင်းအရ ကမ္ဘောဒီးယားနိုင်ငံမှ သုတေသီများက ယခုအကြိမ် ကိုဗစ်-၁၉ ရောဂါအကြောင်း ရင်းမြစ်များကို မိုပိုသိရှိစေရန် လင်းနို့နမူနာများကို စုဆောင်းနေပါသည်။ ၎င်းတို့သည် မနှစ်က ပြုလုပ်ခဲ့သည့် စမ်းသပ်မှုတစ်ခုတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ နီးစပ်သော ဗိုင်းရပ်စ်များကို တွေ့မြင်ခဲ့ပြီး အီဘိုလာ၊ SARS နှင့် MERS သည် လင်းနို့မှ ကူးစက်လာခြင်းကို သိရှိနေပြီဖြစ်ကြောင်း၊ ယင်းသုတေသနစီမံကိန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု ကွင်းဆက်များနှင့်ပတ်သက်သော သတင်းအချက်အလက်အသစ်များကို ပိုမိုပေးအပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါသည်။