ရှီကျင့်ဖိန်က ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန်နှင့်ဆက်သွယ်

lmcchina.org, September 24, 2021
Size:

စက်တင်ဘာလ ၂၄ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် ဗီယက်နမ်နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိသော ဆိုရှယ်လစ် အိမ်နီးချင်းဖြစ်ပြီး မဟာဗျူဟာမြောက် ကံကြမ္မာတူ အသိုက်အဝန်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံအား ကိုဗစ်-၁၉ ရောဂါ အောင်မြင်စွာ တိုက်ဖျက်ရေးနှင့် လူမှုစီးပွားရေးတိုးတက်ရေးအတွက် ပြတ်ပြတ်သားသား ထောက်ခံမည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာအပေါ် ဆွေးနွေးတိုင်ပင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်မည်ဖြစ်ပြီး တောင်ပင်လယ်ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းကာကွယ်ခြင်း၊ ကိုဗစ်-၁၉ ဗိုင်းရပ်စ် အရင်းမြစ်ရှာဖွေရေးကို နိုင်ငံရေးဖြစ်အောင် ဆန့်ကျင်ခြင်း၊ စစ်မှန်သော ဘက်ပေါင်းစုံဝါဒကို လက်တွေ့ဖော်ဆောင်ခြင်းနှင့် လူသားကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေး တွန်းအားပေးခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောပါသည်။

ငုယင်ဖူထရွန်က ဗီယက်နမ်ကွန်မြူနစ်ပါတီသည် တရုတ်ကွန်မြူနစ်ပါတီနှင့်အတူ ပါတီအချင်းချင်း ဆက်သွယ်မှု အားကောင်းစေလိုပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု မြှင့်တင်ရေး၊ ပါတီနှင့် နိုင်ငံစီမံခန့်ခွဲရေးအတွေ့အကြုံ ကူးလူးဖလှယ်မှုကို နက်ရှိုင်းစေရေး၊ နှစ်ဦးနှစ်ဖက် စီးပွားကုန်သွယ်ရေး၊ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးနှင့် ယဉ်ကျေးမှုစသည့် နယ်ပယ်အသီးသီးမှ အပြန်အလှန်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဆောင်ရွက်ရေး၊ နှစ်ဦးနှစ်ဖက် ဆိုရှယ်လစ်လုပ်ငန်းနှင့် နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ် မြှင့်တင်ရေး၊ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်မှုကို တွန်းအားပေးရေးကို အတူဆောင်ရွက်လိုကြောင်း ပြောပါသည်။