ထိုင်းနိုင်ငံ၌ ပထမ အလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသူဦးရေ အောက်တိုဘာလကုန် မတိုင်ခင် တစ်ပြည်လုံး စုစုပေါင်းလူဦးရေ၏ ၅၀ ရာခိုင်နှုန်း ရှိမည်ဟု ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဆို

CRI, September 20, 2021
Size:

ဒေသစံတော်ချိန် ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ရောဂါ ထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အိုဖာက ယခုအထိ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး၌ ကိုဗစ်-၁၉ ကာကွယ်ဆေး  ၄၃၃၄၂၁၀၃ လုံး ထိုးနှံပြီးဖြစ်ကြောင်း၊ ပထမအလုံး ကာကွယ်ဆေး ထိုးနှံသူဦးရေသည် ၂၈၄၃၆၀၁၅ ဦးဖြစ်ပြီး ဒုတိယအလုံး ကာကွယ်ဆေး ထိုးနှံသူဦးရေသည် ၁၄၂၈၅၉၉၅ ဦးဖြစ်ကာ၊ ထို့ပြင် လူအချို့သည် တတိယအလုံး ကာကွယ်ဆေးကိုလည်း ထိုးနှံပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်သည် ယခုနှစ် အောက်တိုဘာလကုန် မတိုင်ခင် ပထမအလုံး ကာကွယ်ဆေးထိုးနှံသူ ဦးရေကို တစ်နိုင်ငံလုံး စုစုပေါင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ရှိစေရန် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။