ဝမ်ယိသည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ တောင်ကိုရီးယား ခရီးစဉ်အပြီး သတင်းထောက်များနှင့် တွေ့ဆုံ

CRI, September 18, 2021
Size:

ယခုလ ၁၇ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ တောင်ကိုရီးယား၌ ခရီးလှည့်လည်ပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပါသည်။

 ဝမ်ယိက ယခုအကြိမ်ခရီးစဉ်တွင် နိုင်ငံ လေးနိုင်ငံမှ နိုင်ငံရေးအကြီးအကဲများနှင့် နက်ရှိုင်းစွာ အမြင်ချင်းများ ဖလှယ်ပြီး လျာထားသည့် အောင်ကျိုးရလဒ်များကို ရရှိနိုင်ခဲ့ကြောင်း၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းလာစေကာ ဘက်ပေါင်းစုံ ညှိနှိုင်းမှုကို တိုးမြှင့်လာပါကြောင်း၊ ခြုံပြီးကြည့်လျှင် ချစ်ကြည်ရေးကို ဆက်ခံရန်၊ သွေးစည်းညီညွတ်မှုကို အားဖြည့်ရန်၊ အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်မှန်းချက်များ ထမြောက်နိုင်ခဲ့ကြောင်း ပြောကြားပါသည်။

ဝမ်ယိက ယခုနှစ်သည် တရုတ်နှင့် အာဆီယံ ဆွေးနွေးဘက်ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၃၀ ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုများတွင် စချိန်သစ်များစွာတင်နိုင်ခဲ့ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ရေးဆိုင်ရာ စံနမူနာများကို ထူပြကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီး ကျောရိုးမဏ္ဍိုင် ဖြစ်လာသည့်အပြင် နိုင်ငံ ၁၁ နိုင်ငံမှ ပြည်သူ သန်း ၂၀၀၀ အတွက် ထိရောက်သော အကျိုးစီးပွားများကိုလည်း ဆောင်ကြဉ်းပေးခဲ့ကြောင်း ပြောကြားပါသည်။