တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် တွေ့ဆုံဆွေးနွေ

Yunnan Gateway, September 15, 2021
Size:

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီးစဉ်လာရောက်သည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် စက်တင်ဘာ ၁၂ ရက်‌‌က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဟွန်ဆန်က ဝမ်ရိမှ တရုတ်နိုင်ငံခေါင်းဆောင်များအား နှုတ်ခွန်းဆက်စကားတစ်ဆင့် ပြောကြားခဲ့ရာ ကမ္ဘောဒီးယား-တရုတ်ချစ်ကြည်ရေးသည် ကာလကြာတည်ရှိပြီး နှစ်နိုင်ငံအတူ နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို အပြန်အလှန် ထိန်းသိမ်းကာကွယ်ရာတွင် အစဉ်အမြဲ အပြန်အလှန် ထောက်ခံအားပေးကူညီဖေးမမှုရှိကြကြောင်း၊ နှစ်နိုင်ငံ အမာခံဆက်ဆံရေးကို အဆက်မပြတ် ရှေ့သို့တိုးတက်အောင် တရုတ်နိုင်ငံနှင့်အတူ တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံငယ်ဖြစ်သော်လည်း ဖိအားများအောက်တွင် နောက်တွန့်သွားမည်မဟုတ်ကြောင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ရှင်းကျန်းစသည့် တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားရေးတွင် တရုတ်နိုင်ငံ၏ မှန်ကန်သော ရပ်တည်ချက်ကို ခိုင်မာစွာအားပေးထာက်ခံသွားမည်ဖြစ်ကြောင်း၊ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ ကူညီမှုများအား ကျေးဇူးတင်ရှိကြောင်း ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံနှင့်အတူ ဆက်လက်အားဖြည့်ဆောင်ရွက်သွားလိုကြောင်းနှင့် နှစ်ဖက်ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံစသည့်ကဏ္ဍများ၏ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်သစ်သို့ လျှောက်လှမ်းရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဒေသပြင်ပအင်အားစုများ ဒေသရေးရာတွင် ရှုပ်ထွေးမှုမရှိစေရန် တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ တိုးမြှင့်ဆောင်ရွက်ကာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို အတူကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံခေါင်းဆောင်များမှ ရင်းနှီးစွာ နှုတ်ခွန်းဆက်သစကားအား တစ်ဆင့်ပြောကြားခဲ့သည်။ ကပ်ရောဂါအခြေအနေတွင် ကမ္ဘောဒီယားသို့ နောက်ထပ်တစ်ကြိမ်လာရောက်လည်ပတ်ခြင်းသည် ကမ္ဘောဒီယား၏ အမာခံမိတ်ဆွေသင်္ဂဟအနေဖြင့် ကမ္ဘောဒီးယားပြည်သူ့ပါတီအစိုးရ၏အားထောက်ခံခြင်း၊ အင်အားကြီးအနိုင်ကျင့်ဗိုလ်ကျမှုကို မကြောက်ရွံ့ဆန့်ကျင်၍ နိုင်ငံ၏အချုပ်အခြာအာဏာနှင့်အမျိုးသားဂုဏ်သိက္ခာကို ထိန်းသိမ်းသည်ကို ထောက်ခံခြင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မိမိနိုင်ငံနှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ရှာဖွေမှုအားထောက်ခံခြင်းကို ပြသဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ ယုံကြည်ရဆုံးရေရှည်မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်လာဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အပြန်အလှန် ထောက်ခံကူညီခြင်းသည် နှစ်နိုင်ငံ၏ဘုံအကျိုးစီးပွားကို ထိန်းသိမ်းခြင်းဖြစ်ရုံသာမက နိုင်ငံတကာတရားမျှတမှုနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်အတိုင်း အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုး နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုပြီး နှစ်နိုင်ငံချစ်ကြည်ရေးမှသည် နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားအတွက် အေးတူပူအမျှအသိုက်အဝန်းသို့ မပြတ်တွန်းအားပေးလျှောက်လှမ်းသွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ကာကွယ်ဆေး၊ ကပ်ရောဂါကုသထိန်းချုပ်ရေး အထောက်အပံ့ပစ္စည်းများကို ကမ္ဘောဒီးယားတွင် ကပ်ရောဂါတိုက်ပွဲအပြီးတိုင် အနိုင်ရသည်အထိ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူလက်တွဲတည်ဆောက်၍ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် လူမှုဘဝပြန်လည်ကောင်းမွန်အောင် လက်တွေ့ဆောင်ရွက်သွားလိုကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်သည့်ကာလတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်ဆွေးနွေးညှိနှိုင်းမှုများကို ဆောင်ရွက်ကာ ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း(UNCLOS)အပါအဝင် နိုင်ငံတကာဥပဒေ၊ လက်တွေ့ထိရောက်သည့်စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီအောင် ရေးဆွဲသွားပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများက မိမိတို့၏ကိစ္စရပ်အပေါ် ကောင်းမွန်အောင် ဆောင်ရွက်သည့် ဆန္ဒနှင့်ဆောင်ရွက်နိုင်စွမ်းရှိသည် ပြသသွားလိုကြောင်း ပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ဝမ်ရိနှင့် ဟွန်ဆန်တို့သည် တရုတ်နိုင်ငံအစိုးရက ကူညီတည်ဆောက်ပေးသည့် ကမ္ဘောဒီးယားနိုင်ငံ အားကစားရုံး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်ကို အတူသက်သေပြုခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ကမ္ဘောဒီးယားနိုင်ငံ အလည်အပတ်ခရီးစဉ်ကာလတွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonnနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးချုပ် Hor Namhongနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)