တရုတ်-အာဆီယံကုန်စည်ပြပွဲက တရုတ်နဲ့ အာဆီယံအတွက် အရေးကြီးတဲ့ တံခါးဖွင့်ပေးသော ပလက်ဖောင်းတစ်ခု ဖြစ်လာ

CRI, September 14, 2021
Size:

၁၈ ကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ တရုတ်နိုင်ငံကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့မှာ ကျင်းပခဲ့ပါတယ်။ ၁၁ ရက်နေ့အထိ လုပ်ငန်းစဉ် ၁၇၉ ခု စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ ၃၀၀ ကျော် ရှိပါတယ်။

ဒီအကြိမ် ကုန်စည်ပြပွဲနဲ့ မြန်မာနိုင်ငံမှ ထုတ်ကုန်များ ပါဝင်ပြသမှုအကြောင်းကို China Media Group မြန်မာဘာသာဌာနမှ သတင်းထောက်က နန်နင်းမြို့ရှိ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ စီးပွားရေးသံမှူး ဒေါက်တာ ရွှေစင်ကို အင်တာဗျူး မေးမြန်းခဲ့ပါတယ်ရှင်။