ယခုလ ၁၁ ရက်နေ့တွင် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှ တရုတ်-မြန်မာ ရင်းနှီးမြှုုပ်နှံမှု ညှိနှိုင်းဆွေးနွေးပွဲကို နန်နင်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ နန်နင်းမြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းတို့သည် ဖိတ်ကြားချက်အရ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ တရုတ် မြန်မာနှစ်နိုင်ငံ ကုမ္ပဏီများမှ တာဝန်ရှိသူများသည် တရုတ်-မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒ၊ ဥပဒေ စသဖြင့်နှင့်ပတ်သက်ပြီး မိတ်ဆက်ရှင်းပြပြီး တရုတ်-အာဆီယံကုန်စည်ပြပွဲမှတဆင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် မျှော်လင့်သည်ဟု ပြောကြားခဲ့ပါသည်။
CMCEEC အဖွဲ့မှ အဆင့်မြင့် အတိုင်ပင်ခံ၊ တရုတ် MCC ကုမ္ပဏီအုပ်စုမှ ဒုတိယ ဒါရိုက်တာချုပ်ဟောင်း ရှူရှန်ချွန်သည် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ စံမံကိန်းများကို ရှင်းလင်းစပြောကြားကာ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး တရုတ်ကုမ္ပဏီများအတွက် အကြံပြုချက်များ ပေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် တရုတ် မြန်မာ နှစ်နိုင်ငံမှ ကုမ္ပဏီများသည် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု စာချုပ်များကို ချုပ်ဆိုခဲ့ကြပါသည်။
ယခုနှစ်သည် တရုတ်-အာဆီယံ ဆက်သွယ်ရေးထားရှိခဲ့သည့် နှစ် ၃ဝ ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ယခုလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ နန်နင်းမြို့၌ ကျင်းပမည်ဟု China Media Group မှ သတင်းအရ သိရပါသည်။