မြန်မာပါတီအဖွဲ့အစည်းအသီးသီးတို့ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် ပြဿနာ သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရေးနည်းလမ်း ရှာကြံရန် တရုတ်မျှော်လင့်

CRI, September 9, 2021
Size:

မြန်မာအခြေအနေ ပြောင်းလဲမှုသစ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်းအနေနှင့် တရုတ်နိုင်ငံသည် မြန်မာပါတီအဖွဲ့အစည်းအသီးသီးတို့သည် တိုင်းပြည်နှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်တွင် နိုင်ငံရေးဆွေးနွေးခြင်းဖြင့် ပြဿနာ သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်း ရှာကြံရန်၊ ပြည်တွင်းအခြေအနေ အမြန်ဆုံး ပြန်လည်တည်ငြိမ်စေရန်နှင့် ပြည်တွင်းဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ပြန်လည်ပြုလုပ်ရန် တစ်လျှောက်လုံး တိုက်တွန်းပါကြောင်း ယမန်နေ့ ၈ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။