ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် တောင်ကိုရီးယား ၄ နိုင်ငံသို့ ဝမ်ယိ သွားရောက် လည်ပတ်မည်

CRI, September 8, 2021
Size:

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် Pham Binh Minh ၊ နိုင်ငံခြားရေးဝန်ကြီး Bui  Thanh Son ၊ ကမ္ဘာဒီးယား ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Prak  Sokhonn ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ၊ တောင်ကိုရီးယာနိုင်ငံခြားရေးဝန်ကြီး Chung Eui yong ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဗီယက်နမ်၊ ကမ္ဘာဒီးယား၊ စင်ကာပူနှင့် တောင်ကိုရီးယား ၄ နိုင်ငံသို့ တရားဝင်ခရီးလှည့်လည်မည်ဖြစ်ပြီး တရုတ်-ဗီယက်နမ် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှု လမ်းညွှန်ရေးကော်မတီ ၁၃ ကြိမ်မြောက် အစည်းအဝေးကို ဗီယက်နမ် ဒုတိယ ဝန်ကြီးချုပ် Pham Binh Minh နှင့်အတူ ကြီးမှူး ကျင်းပမည်ဖြစ်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါသည်။