မြန်မာကျပ်ငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာ ၁၈၆၀ ကျပ် ဈေးရောက်လာ၊ သမိုင်းတွင် အနိမ့်ဆုံး ငွေဈေးလျော့ကျမှု စံချိန်တင်

CRI, September 6, 2021
Size:

ဒေသစံတော်ချိန် စက်တင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံခြားငွေဈေးကွက်တွင် မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် အမေရိကန်တစ်ဒေါ်လာ ၁၈၆၀ ကျပ် ဈေးရောက်ရှိခဲ့ပြီး သမိုင်းတွင် အနိမ့်ဆုံးသောငွေဈေးလျော့ကျမှု စံချိန်တင်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုနှစ် ဖေဖေါ်ဝါရီလမှစ၍ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၁၃၃၀ နှင့်လဲလှယ်ခြင်းမှ ယခုကဲ့သို့ ဆက်တိုက် ငွေတန်ဖိုး ကျဆင်းနေခဲ့ကြောင်း သတင်းအရ သိရပါသည်။