ပို့ကုန်ရငွေများကို လေးလအတွင်း ဈေးကွက်ပေါက်ဈေးဖြင့်ရောင်းချရမည်ဟု မြန်မာဗဟိုဘဏ်ထုတ်ပြန်

CRI, September 5, 2021
Size:

ဒေသစံတော်ချိန် စက်တင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်  ပြည်ပပို့ကုန်တင်ပို့သူများက မိမိ၏ ဘဏ်ငွေစရင်းရှိ ယာယီမသုံးဖြစ်သော ပို့ကုန်ရငွေများကို  ၄ လအတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရဘဏ်သို့ ဈေးကွက်ပေါက်ဈေးဖြင့်  ရောင်းချရမည်ဟု ထုတ်ပြန်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားသည်။