စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ဆေးရုံတက်ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးငယ် ၂၀၀ ဦးအတွက် မြန်မာကျပ်ငွေ သိန်း ၁၀၀ နီးပါးတန်ဖိုးရှိ ပစ္စည်းများလှူဒါန်းပေးအပ်ခဲ့ပြီး လှူဒါန်းပေးအပ်သည့်ပစ္စည်းများတွင် နို့မှုန့်၊ မွေးကင်းစကလေးငယ် ရေချိုးအသုံးအဆောင်၊ Diaper စသည့်ပစ္စည်းများပါဝင်ပါသည်။ အဆိုပါလှူဒါန်းပစ္စည်းများဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးငယ်များအား အာဟာရဖြစ်စေပြီး ကျန်းမာကြံ့ခိုင်စေမည်ဟု ယုံကြည်ပါသည်။