ယခုတလောတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံ၊ ပန်းလှိုင်ဆေးရုံ၊ အာရှတော်ဝင်ဆေးရုံနှင့် မြန်မာနိုင်ငံ တရုတ်နွယ်ဖွား အသင်းအဖွဲ့များထံသို့ အောက်ဆီဂျင်စက် ၁၀ လုံး လှူဒါန်းပေးအပ်၍ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီပေးခဲ့ပါကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
မြန်မာနိုင်ငံ၌ ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားလာစဉ်၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကပ်ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများကို တက်တက်ကြွကြွ ထောက်ခံအားပေးခဲ့ပြီး အောက်ဆီဂျင်စက်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးစသည်တို့အပါအဝင် ကပ်ရောဂါကာကွယ်ရေးပစ္စည်း အများအပြား လှူဒါန်းပေးခဲ့ရာ နက်ရှိုင်းလှသော တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အပြန်အလှန်ဖေးမကူညီသော အေးအတူ ပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို အပြည့်အဝ ထင်ဟပ်နေပါသည်။