သြဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးမှတစ်ဆင့် ရှမ်းပြည်နယ် လားရှိုးမြို့နယ် နမ့်ကျန်ကျောင်းနှင့် ကျောက်မဲမြို့ အောင်မြေသာယာကျောင်းတိုက် ဘုန်းတော်ကြီးစာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၈၄ ဦးအတွက် စားနပ်ရိက္ခာထုပ်များ လှူဒါန်းပေးအပ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။ စားနပ်ရိက္ခာထုပ် တစ်ထုပ်လျှင် ဆန် ၁၀ ကီလိုဂရမ်၊ စားသုံးဆီ ၁ လီတာ နှင့် ပဲပုပ် ၁ ကီလိုဂရမ်တို့ ပါဝင်ပါသည်။ အဆိုပါလှူဒါန်းပစ္စည်းများဖြင့် ကလေးများ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာရေးအတွက် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ပါသည်။