မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့ အောက်ဆီဂျင်စက် အလုံး ၅၀၀ ပေးအပ်လှူဒါန်း

CRI, September 1, 2021
Size:

သြဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းသော အောက်ဆီဂျင်စက် (Oxygen Concentrator) အလုံး ၅၀၀ မန္တလေးသို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်ရောက်ရှိပြီး မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ၎င်းပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၂.၅ သန်းခန့် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားလာစဉ် မြန်မာနိုင်ငံ အခက်တွေ့နေချိန်၌ တရုတ်နိုင်ငံမှ နည်းလမ်းရှာ၍ အကူအညီများ ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ Vaccine၊ အောက်ဆီဂျင်စက် နှင့် နှာခေါင်းစည်း စသည့် ပစ္စည်းအများအပြား လှူဒါန်းပေးခဲ့ပြီး နယ်စပ်ကုန်ပစ္စည်းဖြတ်သန်းရေး အထူးလမ်းကြောင်း ဖွင့်လှစ်ကာ မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အားကောင်းစွာ ကူညီပေးခဲ့ပါသည်။