၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် လာအိုက အဓိကမိတ်ဆက်ပေးနိုင်ငံ ဖြစ်မည်

CRI, August 27, 2021
Size:

၂၀၀၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ပြီးလျှင် လာအိုနိုင်ငံသည် တတိယအကြိမ်အနေဖြင့် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် အဓိကမိတ်ဆက်ပေးနိုင်ငံ ဖြစ်သွားမည် ဖြစ်ကြောင်း ယမန်နေ့ ၂၆ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲမှ သတင်းအရ သိရပါသည်။

လာအိုနိုင်ငံခေါင်းဆောင်က တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယိုပုံစံဖြင့် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီများ CEO စားပွဲဝိုင်း အစည်းအဝေးကို ဗီဒီယိုပုံစံဖြင့် တက်ရောက်မည်ဖြစ်ပါသည်။ ထို့ပြင် လာအိုသည် တရုတ်နိုင်ငံနှင့်အတူ တရုတ်-လာအို သံတမန်ဆက်သွယ်မှုထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်လှုပ်ရှားမှုနှင့် ၂၀၂၁ ခုနှစ် တရုတ်-လာအို စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ပူတွဲကျင်းပမည်ဖြစ်ပါသည်။

ယခု လာအိုသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှု ကူးလူးဆက်ဆံမှုနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများကို တွန်းအားပေးရန်အတွက် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ပါဝင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။