တရုတ်နိုင်ငံကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်မှ စားသုံးသူများအတွက် ပိုများသော “မြန်မာအံ့ဖွယ်”များ ထပ်မံသယ်ဆောင်ပေးနိုင်ရန် မျှော်လင့်ဟုဆို

Yunnan Gateway, August 27, 2021
Size:

သြဂုတ်လ (၂၆) ရက်နေ့ ညနေပိုင်းတွင် ၂၀၂၁ ခုနှစ် တောင်အာရှအရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းပွဲ (အောက်တွင် စီးပွားရေးညှိနှိုင်းပွဲဟု အတိုချုံးခေါ်ဝေါ်သည်)၏ ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး အွန်လိုင်းအသံလွှင့် တိုက်ရိုက်တင်ပြခြင်းအစီအစဉ်ကို ကူမင်းထျမ်ချီအပြည်ပြည် ဆိုင်ရာပြပွဲစင်တာတွင် ကျင်းပခဲ့ပါသည်။ ယူနန်သည် မြန်မာ-တရုတ် ကုန်သွယ်ရေး၌ အလွန်အရေးပါသည့် အကျိုးသက်ရောက်မှုရှိကြောင်း၊ မြန်မာနှင့် ယူနန်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်စေလိုကြောင်း၊ စီးပွားရေးညှိနှိုင်းပွဲ၊ တရုတ်-တောင်အာရှကုန်စည်ပြပွဲ စသည့်ပလက်ဖောင်းများမှတစ်ဆင့် စားသုံးသူများအတွက် ပိုများသော “မြန်မာအံ့ဖွယ်”များကို သယ်ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်း ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က သတင်းထောက်အား ပြောခဲ့ပါသည်။

“ကျွန်တော် ကူမင်းကိုရောက်တာ (၃) လရှိပါပြီ။ စီးပွားရေးညှိနှိုင်းပွဲပလက်ဖောင်းကို အသုံးပြုပြီး အသံလွှတ်တိုက်ရုက်တင်ပြခြင်းမှတစ်ဆင့် စားသုံးသူများနှင့်အတူ ဖလှယ်မှုလုပ်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်”ဟု ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ပြောသည်။ ဤသို့ဆိုသော်လည်း ကူမင်းတွင် နှစ်စဉ်အလှည့်ကျကျင်းပသည့် စီးပွား‌ရေးညှိနှိုင်းပွဲ၊ တောင်ပိုင်းကုန်စည်ပြပွဲနှင့် အလွန် ရင်းနှီးပါသည်။ “မြန်မာနိုင်ငံက ကူမင်းမှာ ကျင်းပတဲ့ စီးပွားရေးညှိနှိုင်းပွဲ၊ တရုတ်-တောင်အာရှကုန်စည်ပြပွဲကို အထူးအလေးထားပါတယ်။ ကိုဗစ်ရောဂါမဖြစ်ခင်က မြန်မာနိုင်ငံကနေ ပါဝင်ပြသတဲ့ကုန်သည်တွေက မိမိရဲ့ကုန်ပစ္စည်းတွေကို ကူမင်းသို့သယ်ယူလာပြီး ဒီပလက်ဖောင်းတွေကို အသုံးပြုလို့ စျေးကွက်ချဲ့ထွင်ခဲ့ပါတယ်။ အကျိုးသက်ရောက်မှု အားကောင်းခဲ့ပါတယ်။ ယခုပါဝင်ပြသတဲ့ ကုန်သည်တွေကတော့ ကူမင်းကိုမသွားနိုင်ပေမယ့် စီးပွားရေးညှိနှိုင်းပွဲကို အွန်လိုင်းက ပါဝင်ပြသနိုင်ပြီး မိမိရဲ့ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ပြသနိုင်ပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်စည်ကူးသန်းသွားလာရေးအတွက် တိုးမြှင့်ဖို့ အထောက်အကူပြုပါတယ်။”

မြန်မာနှင့်ယူနန်သည် ဆက်စပ်နေပြီး နယ်စပ်မျဉ်းရှည်လျားကြောင်း၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကုန်ပစ္စည်း များသည် ယူနန်မှတစ်ဆင့် တရုတ်နိုင်ငံ၏ ဒေသအသီးသီးသို့ ပို့ဆောင်ရောင်းချနိုင်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံမှ တင်သွင်းသောကုန်ပစ္စည်းများသည်လည်း ယူနန်မှတစ်ဆင့် တရုတ်နိုင်ငံ ပြည်နယ်အသီးသီးသို့ တင်ပို့ကြောင်း၊ ယူနန်သည် မြန်မာ-တရုတ် ကုန်သွယ်ရေးတွင် ပိုမိုအလေးပါသောအကျိုးသက်ရောက်မှု လုပ်ဆောင် နိုင်ရန်မျှော်လင့်ကြောင်း ဦးသော်တာအောင်က ပြောသည်။

ထိုနေ့တွင် ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးသည် ဗီဒီယိုပုံစံဖြင့် မြန်မာနိုင်ငံ၏ရှုခင်းနှင့် ယဉ်ကျေးမှုခရီးသွားနေရာများကို ပရိသတ်များထံ မိတ်ဆက်ပြသပေးခဲ့သည်။ “ကိုဗစ်ရောဂါပြီးသွားရင် တရုတ်နိုင်ငံမှမိတ်ဆွေများ မြန်မာနိုင်ငံသို့လာပြီး ကျွန်တော်တို့ရဲ့ သဘာဝနှင့်လူနေမှုရှုခင်းအလှများကို ခံစားစေလိုပါတယ်။ မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်းများ အမြန်ဆုံး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာနိုင်ပါစေ”ဟု ဦးသော်တာအောင်က ပြောသည်။ ထို့ပြင် စီးပွားရေးကောင်စစ်ဝန် ဒေါက်တာ ဝေရီလင်းသည် မြန်မာနိုင်ငံစိုက်ပျိုးရေးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို မိတ်ဆက်ပေးခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ နာနတ်သီး၊ သရက်သီးစသည့် သစ်သီးဝလံများနှင့် ရာဘာစသည့်လယ်ယာထွက်ကုန်များကို အလေးထားမိတ်ဆက်ပေးခဲ့ပါသည်။