ဒုတိယအကြိမ် တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲအား သြဂုတ်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပ

Yunnan Gateway, August 27, 2021
Size:

သြဂုတ်လ ၂၅ ရက်နေ့တွင် ဒုတိယအကြိမ် တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရပါသည်။

ဤတစ်ကြိမ် ကုန်စည်ပြပွဲသည် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ဖော်ဆောင်ရန် စီးပွားရေးစင်္ကြံသစ်ကို အတူတကွ တည်ဆောက်ကြပါစို့”ဟူသောဆောင်ပုဒ်ဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသစီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ တရုတ်-မြန်မာ ပိုးလမ်းမကြီးစီမံကိန်းကို အတူတကွတည်ဆောက်ရန်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို တွန်းအားပေးလုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

အဆိုပါပြပွဲသည် ၅ ရက်ကြာမြင့်၍ အွန်လိုင်းနှင့် အော့ဖ်လိုင်းမြေပြင်ပြပွဲကို တစ်ပြိုင်နက်တည်း ကျင်းပကြောင်း သိရပါသည်။ တရုတ်ဘက်က လင်ချန်းမြို့ ကွန်ဗန်ရှင်းစင်တာ၌ အဓိကခန်းမကို တည်ဆောက်ထားပြီး မြန်မာဘက်က ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီးနှင့် လားရှိုးတို့တွင် ခန်းမခွဲများကို တည်ဆောက်ထားကြောင်း၊ “အွန်လိုင်းကုန်စည်ပြပွဲ”ပလက်ဖောင်းတွင် “ဒုတိယအကြိမ် တရုတ်-မြန်မာ နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ” အထူးခန်းမကို တည်ဆောက်၍ တရုတ်-မြန်မာစီးပွားရေးလုပ်ငန်း၏ ကုန်စည်များကို အွန်လိုင်းတွင် ပြသကြောင်း သိရပါသည်။

ဤတစ်ကြိမ်ကုန်စည်ပြပွဲတွင် တရုတ်ဘက်မှ ပြသကုန်သည် ၁၇၂ ဦးရှိပြီး အဝယ်တော်ကုန်သည် ၈၅ ဦး ရှိသည်။ အဓိကကုန်စည်များမှာ လယ်ယာထွက်ကုန်၊ ဇီဝဆေးဝါး၊ အိမ်သုံးပစ္စည်း၊ ပလတ်စတစ်ပစ္စည်း၊ အဝတ်အစား၊ ပိုးထည် စသည်တို့ ပါဝင်ကြောင်း၊ မြန်မာဘက်မှ ပြသကုန်သည် ၂၇ ဦးရှိပြီး အဓိကကုန်စည်များမှာ လက်ဝတ်ရတနာ၊ သစ်သားထုတ်ကုန်၊ ပရိဘောဂ၊ ပင်လယ်စာ၊ လယ်ယာထွက်ကုန်စသည်တို့ဖြစ်ကြောင်း သိရပါသည်။