၂၀၂၁ ခုနှစ် တရုတ်-လာအို-မြန်မာ-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် E-Commerce အွန်လိုင်းမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကူမင်းမြို့၌ ကျင်းပ

Yunnan Gateway, August 27, 2021
Size:

သြဂုတ်လ ၂၆ ရက်နေ့တွင် ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနသည် ယူနန်ပြည်နယ်ပြည်သူ့အစိုးရမှ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၏ ဦးစီးပံ့ပိုးသော ၂၀၂၁ ခုနှစ် တရုတ်-လာအို-မြန်မာ-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် E-Commerce အွန်လိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားအား ကူမင်းမြို့၌ ကျင်းပခဲ့ကြောင်း သိရပါသည်။

ဤတစ်ကြိမ် မွမ်းမံသင်တန်းသည် ၃ ရက် ကြာမြင့်ပြီး အကြောင်းအရာ များစွာပါဝင်ကြောင်း၊ တရုတ် E-Commerce နယ်ပယ်မှ နာမည်ကြီးပညာရှင်များနှင့် ပလက်ဖောင်းကုမ္ပဏီများ၏ တာဝန်ရှိသူများအား ဖိတ်ကြား၍ သင်တန်းပေးကြောင်း၊ Taobao ပလက်ဖောင်း စသည့် ပြည်တွင်းပလက်ဖောင်းကြီးများသည် ယူနန်ပြည်နယ်ရှိ E-Commerce ပလက်ဖောင်းများနှင့် လက်တွေ့လုပ်ဆောင်မှုများ ပြုလုပ်ရန် စီစဉ်ပေးကြောင်း သိရပါသည်။
လာအို၊ မြန်မာနှင့် ဗီယက်နမ်မှ သက်ဆိုင်ရာအရာရှိများ၊ စီးပွားရေးလုပ်ငန်းများ၊ ကုန်သည်ကြီးများအသင်းနှင့် E-Commerce မှ ဝန်ထမ်းများ စုစုပေါင်း ၇၀၀ ဦးကျော်သည် အဆိုပါမွမ်းမံသင်တန်းတွင် တက်ရောက်ကြကြောင်း သိရပါသည်။