တရုတ်-လာအို နိုင်ငံတကာကုန်စည်သယ်ပို့လမ်းကြောင်း ကုန်သယ်ယာဉ်တွဲ စတင်ပြေးဆွဲ

Yunnan Gateway, August 27, 2021
Size:

သြဂုတ်လ (၂၅) ရက်နေ့ (၂၀၂၁) ခုနှစ် တောင်အာရှအရှေ့တောင်အာရှနိုင်ငံများ ကုန်ပစ္စည်းပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းပွဲ (အောက်တွင် စီးပွားရေးညှိနှိုင်းပွဲ ဟုအတိုချုံးခေါ်ဝေါ်သည်) အွန်လိုင်းပြပွဲ ပထမရက်တွင် တရုတ်-လာအို နိုင်ငံတကာကုန်စည်သယ်ပို့လမ်းကြောင်း ကုန်သယ်ယာဉ်တွဲ (ကူမင်း-ဗီယန်ကျင်း အသွားအပြန်) ပြေးဆွဲသည့်အခမ်းအနားကို ကူမင်းတွင် ကျင်းပခဲ့သည်။ အဆိုပါကုန်သယ်ကားတွဲသည် ယူနန်ကူမင်းမှထွက်ခွာပြီး မော်ဟန်ဂိတ်ဖြတ်၍ ပြည်ထွက်ကာ လာအိုဗီယန်ကျင်းသို့ ရောက်ရှိမည်ဖြစ်သည်။

ယခုအကြိမ်ကုန်သယ်ယာဉ်သည် စုစု‌ပေါင်းတရုတ်ငွေ ယွမ်သိန်း (၃၀) တန်ဖိုးရှိ စက်ကိရိယာ၊ polyethylene ပိုက်ကုန်ကြမ်း၊ စက္ကူသေတ္တာ စသည့်ကူမင်းထွက်ကုန်များနှင့် တစ်နိုင်ငံလုံး နေရာဒေသအသီးသီးမှ ကူမင်းသို့ သယ်ပို့စုဆောင်းထားသော နယ်ခြားဒီဂျစ်တယ်အီလက်ထရောနစ် ကုန်ပစ္စည်းများကို သယ်ဆောင်ပြီး တရုတ်မီးရထားကုန်သေတ္တာ သယ်ယူပို့ဆောင်ရေးအုပ်စု ကူမင်းစင်တာဂိတ်မှ စတင်ထွက်ခွာသည်။ မော်ဟန်ဂိတ်ဖြတ်ပြီး လာအို ဗီယန်ကျင်းသို့ ရောက်ရှိမည်ဖြစ်သည်။ ထို့အတူ သံသတ္တုကျောက်၊ ပီလောပီနံမှုန့်၊ ရာဘာ စသည့် လာအိုထူးခြားကုန်ပစ္စည်း တန်ဖိုး စုစုပေါင်းတရုတ်ငွေ ယွမ်(၁၀)သိန်းရှိ ကုန်သယ်ပို့ကားတွဲသည် ဗီယန်ကျင်းမှထွက်ခွာပြီး မော်ဟန်ဂိတ်သို့ရောက်ရှိပြီ ဖြစ်သည်။ တရုတ်မီးရထားကုန်သေတ္တာ သယ်ယူပို့ဆောင်ရေးအုပ်စု ကူမင်းစင်တာဂိတ်သို့ စုဆောင်းရောက်ရှိပြီးနောက် တစ်နိုင်ငံလုံး နေရာဒေသအသီးသီးသို့ ခွဲဝေပို့ဆောင်သွားမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်းနယ်စပ်တွင် တည်ရှိသော ယူနန်ပြည်နယ်သည် လာအိုနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ (၂၀၂၁) ခုနှစ် နှစ်ကုန်တွင် တရုတ်-လာအိုမီးရထားလမ်း စတင်ပြေးဆွဲပါက ကူမင်းမှ ဗီယန်ကျင်းသို့ မနက်ထွက် ညရောက်နိုင်မည် ဖြစ်ပါသည်။