၂၀၂၁ ခုနှစ် တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းပွဲ အွန်လိုင်းဖွင့်ပွဲအခမ်းအနားအား သြဂုတ်လ ၂၅ ရက်နေ့ ကျင်းပ

Yunnan Gateway, August 26, 2021
Size:

၂၀၂၁ ခုနှစ် တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲနှင့် ရင်းနှီး မြှုပ်နှံမှုညှိနှိုင်းပွဲအောက်တွင် စီးပွားရေးညှိနှိုင်းပွဲဟု အတိုချုံးခေါ်ဝေါ်ပါမည်ဖွင့်ပွဲအခမ်းအနားအား အွန်လိုင်းတွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ တိတိတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုအကြိမ်စီးပွားရေးညှိနှိုင်းပွဲသည် “ကုန်စည်ပြပွဲ ဒစ်ဂျစ်တယ်ပလက်ဖောင်း”ဖြင့် ကျင်းပခြင်း ဖြစ်ပါသည်။ သြဂုတ်လ ၂၃ ရက်နေ့အထိ အဆိုပါပလက်ဖောင်း၌ မှတ်ပုံတင်ထားသောကုန်သည်များသည် ၂၇၉၂၉ ဦးရှိပြီး အဝယ်တော်ကုန်သည် ၁၁၆၉၃ ဦး ရှိကြောင်း သိရပါသည်။


စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူတို့သည် ကုန်စည်ပြပွဲ၏ တရားဝင် ဝက်ဘ်ဆိုက် (www.csa-expo.com)သို့ ဝင်ရောက်ခြင်း၊ ကုန်စည်ပြပွဲ၏ App ကို App စတိုးအသီးသီးမှ download လုပ်ခြင်း၊ WeChat ထဲတွင် “ကုန်စည်ပြပွဲဒစ်ဂျစ်တယ်ပလက်ဖောင်း” Mini အစီအစဉ်နှင့် ကုန်စည်ပြပွဲ တရားဝင်အကောင့်များ စသည့်နည်းလမ်းများဖြင့် စာရင်းသွင်းကာ ပါဝင်နိုင် ကြောင်း သိရပါသည်။

စီးပွားရေးလုပ်ငန်းများသည် “ကုန်စည်ပြပွဲဒစ်ဂျစ်တယ်ပလက်ဖောင်း”အားဖြင့် 2D နှင့် 3D ပြခန်းကို ဒီဇိုင်းရေးဆွဲ၍ ကော်ပိုရိတ်ပုံရိပ်နှင့် ထုတ်ကုန်ဝန်ဆောင်မှုများကို ဘက်စုံ ကျယ်ကျယ်ပြန့်ပြန့် ပြသပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်ဆောင်နိုင်ကြောင်း၊ အဆိုပါ ပလက်ဖောင်းသည် အွန်လိုင်းစေ့စပ်ညှိနှိုင်းခြင်းဝန်ဆောင်မှုပေး၍ ဘာသာစကားပေါင်းစုံဖြင့် အချိန်နှင့် တပြေးညီ ဘာသာပြန်ခြင်းအား ပံ့ပိုးပေးနိုင်ကြောင်း သိရပါသည်။ စီးပွားရေးလုပ်ငန်းများသည် ပလက်ဖောင်းအားဖြင့် ဗီဒီယိုကွန်ဖရင့် လုပ်ဆောင်၍ ပူးပေါင်းဆောင်ရွက်မှုရည်မှန်းချက်သို့ ရောက်ရှိနိုင်ပြီး ပလက်ဖောင်းပေါ်တွင် အီလက်ထရောနစ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ကြောင်း သိရပါသည်။
အများပြည်သူတို့သည် တရားဝင် ဝက်ဘ်ဆိုက်၊ AppMini အစီအစဉ်၊ ကုန်စည်ပြပွဲတရားဝင်အကောင့်များဖြင့် ယူနန်ပြည်နယ်၏ ပြည်ပတံခါးဖွင့်မှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၏ ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကို နားလည်သိရှိနိုင်ကြောင်း၊ စိတ်ဝင်စားသော ကုန်ပစ္စည်းများကို ရှာဖွေကြည့်ရှု၍ အွန်လိုင်းပေါ်တွင် တိုက်ရိုက်ဝယ်ယူပြီး ကုန်ပစ္စည်းများကို အိမ်အရောက်ပို့ခြင်းအတွက် စျေးသက်သာသော ထောက်ပံ့ပို့ဆောင်ရေးကို အသုံးပြုနိုင်ကြောင်း၊ ကူမင်းရှိ နိုင်ငံအသီးသီးမှ ကောင်စစ်ဝန်ချုပ်များ၏ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကိုလည်း ကြည့်ရှုနိုင်ကြောင်း သိရပါသည်။