၁၀၈ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကြပ်မတ်ကင်းလှည့်ခြင်း စတင်

CRI, August 26, 2021
Size:

ယခုလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီက တရုတ်ပြည်မှ ဥပဒေကြပ်မတ်ရေး သင်္ဘော ၃ စင်းသည် တရုတ်ပြည် ကွမ်လေဆိပ်ကမ်းမှ ထွက်ခွာပြီး လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံများမှ ဥပဒေကြပ်မတ်ရေးဌာနတို့နှင့်အတူ ၄ ရက်ကြာသော ၁၀၈ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကြပ်မတ်ကင်းလှည့်မှုကို စတင်ဆောင်ရွက်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ယင်းမတိုင်မီက ၄ နိုင်ငံမှ သက်ဆိုင်ရာ ကြပ်မတ်ရေးဌာနများသည် ဗီဒီယို အသွင်ပုံစံဖြင့် ဦးစီးကွပ်ကဲသူများ ပူးတွဲအစည်းအဝေးနှင့် မဲခေါင်မြစ်ဝှမ်းဒေသ သတင်းအချက်အလက်များ ကူးလူးဖလှယ်ရေးအစည်းအဝေးကို ကျင်းပခဲ့ကြသည်ဟု သတင်းအရ သိရသည်။