၂၀၂၁ ခုနှစ် တရုတ်-လာအို မိုက်ခရိုဗီဒီယိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

CRI, August 24, 2021
Size:

၂၀၂၁ ခုနှစ် တရုတ်-လာအိုမိုက်ခရိုဗီဒီယိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မကြာခင်က လာအိုနိုင်ငံဗီယင်ကျန်းမြို့၌ ကျင်းပခဲ့ရာ လာအိုသတင်းရေးရာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီးဝင်းထွန်းကိုပန်၊ လာအိုနိုင်ငံဆိုင်ရာ တရုတ်သံမှူး ချင်ချင်အပါအဝင် နှစ်နိုင်ငံအလွှာပေါင်းစုံမှ ပုဂ္ဂိုလ် ၁၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း၊ တရုတ်နှင့် လာအိုမှ လက်ရွေးစင် ၁၈ ဦး ဆုရရှိကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

လာအိုသတင်းရေးရာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရုပ်ရှင်လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကန်ပေါ်ဗန်နာဗင်က မိန့်ခွန်းပြောကြားရာတွင် ယခုနှစ်သည် တရုတ်- လာအိုသံတမန်ဆက်သွယ်မှု ထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်နှစ် ဖြစ်သလို တရုတ်-လာအိုချစ်ကြည်ရေးနှစ်လည်း ဖြစ်ကြောင်း၊ ယခုအကြိမ် ပြိုင်ပွဲ ကျင်းပခြင်းသည် နှစ်နိုင်ငံအကြား ရုပ်ရှင်လုပ်ငန်းနယ်ပယ်တွင် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးပြီး လာအိုနိုင်ငံ၏ ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။