တရုတ်ပြည် အသင့်အတင့် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း၏ တကယ့်အခြေအနေကို မိမိ ကိုယ်တွေ့မျက်မြင်ခံစားရသည်ဟု မြန်မာပညာတော်သင်ဆို

CRI, August 23, 2021
Size:

တရုတ်ပြည် ကွမ်ရှီး ဆေးပညာ တက္ကသိုလ်တွင် မဟာဘွဲ့ယူရန် သင်ယူနေသော မြန်မာပညာတော်သင် ကောင်းမြတ်ကျော်သည် ယခုအထိ တရုတ်ပြည်၌ ၁၀ နှစ်ခန့်ကြာ နေထိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ကောင်းမြတ်ကျော်သည် အချိန်ယူပြီး တရုတ်ပြည်တွင် ခရီးလှည့်လည်လေ့ရှိကြောင်း၊ ကွမ်ရှီးပြည်နယ်တွင် ၎င်း၏ ခြေရာ ပျံ့နှံ့လျက်ရှိသည့်အပြင် ပီကင်း၊ ရှန်ဟိုင်း၊ ကွမ်တုန်း၊ ဟူနန်နှင့် နင်ရှာ့ အပါအဝင် ပြည်နယ်နှင့် မြို့များသို့လည်း ရောက်ခဲ့ဖူးကြောင်း၊ ယခုတွင် တရုတ်ပြည် ဒေသအသီးသီး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး နန်နင်းသည်လည်း အပြောင်းလဲကြီး ပြောင်းလဲလာကာ ကျည်ဆန်ရထား၊ မြေအောက်ရထား ပြေဆွဲခြင်းများရှိသလို နိုင်ငံတကာ လေကြောင်းလိုင်းများ တိုးချဲ့ဖွင့်လှစ်ထားကြောင်း၊ စမတ်ဖုန်းဖြင့် ငွေပေးချေခြင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေခြင်း ရှိကြောင်း၊ နန်နင်းတွင် သဘာဝပတ်ဝန်းကျင် သာယာလှပပြီး နေထိုင်မှု သက်သောင့်သက်သာလည်း ရှိကြောင်း၊ မိမိသိရှိနားလည်သည့် မြင်တွေ့ရမှုများသည် တရုတ်ပြည်၏ အသင့်အတင့် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း၏ အခြေအနေဟု ထင်မြင်မိကြောင်း ကောင်းမြတ်ကျော်က ပြောကြားသည်။