မြန်မာအသင်းအဖွဲ့များ ဝယ်ယူသောပထမအသုတ် တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရန်ကုန်သို့ ရောက်ရှိ

CRI, August 22, 2021
Size:

ဒေသစံတော်ချိန် သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းက အခြားအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ငွေကြေးစုဆောင်းဝယ်ယူထားသော တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးရေ ၇ သိန်းကို ရန်ကုန်မြို့သို့ အရောက် ပို့ဆောင်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံတွင် ကာကွယ်ဆေး ထိုးနှံရေး ပြင်ဆင်မှုလုပ်ငန်းများ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပြီး ယခုလ ၂၃ ရက်နေ့မှစ၍ ကာကွယ်ဆေးများ စတင်ထိုးနှံမည် ဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ယခု မြန်မာနိုင်ငံတွင် ကာကွယ်ဆေးတစ်လုံး ထိုးနှံမှုနှုန်းမှာ ၃.၄ ရာခိုင်နှုန်း ဖြစ်ပြီး နှစ်လုံး ထိုးနှံမှုနှုန်းမှာ ၂.၈ ရာခိုင်နှုန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ တတိယလှိုင်း ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေ လွန်စွာ ပြင်းထန်ဆိုးရွားနေသဖြင့် မြန်မာကျန်းမာရေးဌာနများသည် ကာကွယ်ဆေး ထိုးနှံမှုကို တွန်းအားပေးနေလျက်ရှိပါသည်။

မြန်မာကျန်းမာရေးဝန်ကြီးဌာနမှ စာရင်းအရ ၂၁ ရက်နေ့က ဓာတ်ခွဲစစ်ဆေးသည့် နမူနာ ၁၀၈၅၅ ခုအနက် ကူးစက်ခံရသူ ၂၇၄၄ ဦး တွေ့ရှိခဲ့သည်ဟု သတင်းရရှိပါသည်။