တရုတ်ဆရာဝန်များနေ့တွင် တရုတ်-မြန်မာနယ်စပ်ဒေသ၏ ကပ်ရောဂါထိန်းချုပ်တိုက်ဖျက်ရေးရှေ့တန်း၌ အသက်ပေးကာကွယ်စောင့်ရှောက်သူများအား ဂုဏ်ပြု

CRI, August 19, 2021
Size:

ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်ရချိန်တွင် တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများစွာသည် ကပ်ရောဂါထိန်းချုပ်တိုက်ဖျက်ရေးရှေ့တန်းသို့ သတ္တိရှိရှိဖြင့် မဆိုင်းမတွ ရှောက်ရှိလာကြပါသည်။ ယနေ့တွင် တရုတ်နိုင်ငံ၏ စတုတ္ထအကြိမ်မြောက် ဆရာဝန်များနေ့ ဖြစ်ပါသည်။ သာမန်နှင့် ကြီးမြတ်သော အသက်ပေးကာကွယ်စောင့်ရှောက်သူများအား ကြိုးစားအားထုတ်ပေးမှုအတွက် ကျေးဇူးအထူးတင်ကြောင်း ဂုဏ်ပြုစကားဆို၍ ဂုဏ်ပြုလိုက်ပါသည်။

ယူနန်ပြည်နယ် ရွှေလီမြို့ တရုတ်တိုင်းရင်းဆေးနှင့် တိုင်တိုင်းရင်းဆေးဆေးရုံသည် ကိုဗစ်-၁၉ ကပ်ရောဂါ အထူးကုဆေးရုံအဖြစ် သီးခြားသတ်မှတ်လိုက်ပါသည်။ ဆရာဝန်တစ်ဦးအနေနှင့် ရွှေလီ ကပ်ရောဂါဖြစ်ပွားပြီးနောက် ဒေါက်တာကျာချန်ရင်းက ကိုဗစ်-၁၉ ကပ်ရောဂါအတည်ပြုလူနာများ ကုသရေးလုပ်ငန်းကို တက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့ပါသည်။ ယခုနှစ် မတ်လ ၂၅ ရက်နေ့မှစ၍ ယနေ့အထိ သူမသည် အဆိုပါဆေးရုံတွင် ရက်ပေါင်း ၁၄၀ ကျော်တိုင်အောင် ဆက်တိုက်လုပ်ကိုင်လာခဲ့ပါသည်။ ပြင်းထန်သောအလုပ်သည် သူမအား အချိန်၏ဖြတ်သန်းမှုတွင် အနည်းငယ်ထုံကျင်စေခဲ့သည်။

“ငယ်ငယ်ကတည်းက ကျွန်မ ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဝေဒနာရှင်တွေ ကယ်တင်တာဟာ ဆရာဝန်ရဲ့အဓိကတာဝန်ပါ။ ဒီလိုအကျပ်အတည်းမျိုးမှာ ငါနောက်ဆုတ်မှာ မဟုတ်ဘူး”ဟု ဒေါက်တာကျာချန်ရင်းက ပြောပြပါသည်။ ရှန်ဟိုင်း၊ ပေကျင်း စသည့်မြို့များမှ ဆရာဝန်ကြီးများအပြင် ကျွန်မတို့ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲမှ ဆရာဝန်ကြီးများ လာရောက်ပြီး လမ်းညွှန်ပေးနိုင်သည့်အတွက် ကျွန်မအတွက် လေ့လာဆည်းပူးတဲ့အခွင့်အလမ်းကောင်းတွေ ရရှိခဲ့ကြောင်း၊ ၎င်းဆရာကြီးမှတစ်ဆင့် ကျွန်မသည် ထူးမြတ်သောဆေးကုသနည်းပညာ၊ တင်းကျပ်သောလုပ်ထုံးလုပ်နည်းနှင့် စည်းလုံးညီညွတ်ခြင်းသဘောထားများကိုလည်း သင်ယူခဲ့ကြောင်း သူမက ဆက်လက်ပြောပြပါသည်။

မည်သည့်အခက်အခဲ ကြုံတွေ့နေသည်ဖြစ်စေ ဒေါက်တာကျာချန်ရင်းက သူ့ကိုယ်သူကုစားရန် အကြောင်းပြချက်ကို အမြဲရှာနိုင်ခဲ့သည်။ အသက် ၃ နှစ်သာရှိသည့် မြန်မာနိုင်ငံမှ ကလေးဝေဒနာရှင်တစ်ဦးသည် အစပိုင်း၌ Nucleic acid စစ်ဆေးခြင်းကို လက်မခံဘဲ အော်ဟစ်ငိုကြွေးခဲ့သည်။ Nucleic acid တတိယအကြိမ် စစ်ဆေးသည့်အခါတွင်မူ မမျှော်လင့်ဘဲ ယင်းကလေးသည် ဒေါက်တာကျာချန်ရင်းအား တွေ့သည်နှင့် သူ၏ပါးစပ်ကို ဖွင့်ပေးလိုက်ပါသည်။ စစ်ဆေးပြီးနောက် မကျွမ်းကျင်သော တရုတ်စကားဖြင့် "ကျေးဇူးတင်ပါတယ်" ဟု ပြောပါသည်။ ထိုအခိုက်အတန့်တွင် ဒေါက်တာကျာချန်ရင်းသည် နွေးထွေးမှုများစွာ ခံစားလိုက်ရပါတော့သည်။