လာအိုအစိုးရနှင့် တရုတ်ကုမ္ပဏီလုပ်ငန်းများ ဆွေးနွေးပွဲကျင်းပ

CRI, August 19, 2021
Size:

သြဂုတ်လ ၁၃ ရက်နေ့တွင် လာအိုနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် လာအို စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့သည် ဗီယင်ကျန်းမြို့တွင် ပဉ္စမအကြိမ်မြောက် လာအိုအစိုးရနှင့် တရုတ်ကုမ္ပဏီလုပ်ငန်းများ ဆွေးနွေးပွဲကို အတူကျင်းပခဲ့ပါသည်။

ယင်းဆွေးနွေးပွဲတွင် တရုတ်ကုမ္ပဏီလုပ်ငန်းမှ ကိုယ်စားလှယ်များက ငွေရေးကြေးရေး၊ လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အဦး၊ ဖွံ့ဖြိုးရေးဇုန်တည်ဆောက်ရေး၊ လျှပ်စစ်ဓာတ်အားနှင့် သတ္တုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု စသည့်နယ်ပယ်များ၏ပြဿနာနှင့် အကြံပြုချက်များကို လာအိုအစိုးရထံသို့ အဓိကတင်ပြခဲ့ပါသည်။

ယင်းနှင့်ပတ်သက်ပြီး လာအိုအစိုးရသက်ဆိုင်ရာဌာနမှ ကိုယ်စားလှယ်များက လာအိုအတွင်းဝန်ရုံးသည် တရုတ်ကုမ္ပဏီများမှ တင်ပြသောအကြောင်းအရာများကို သက်ဆိုင်ရာဌာနထံသို့ ပေးပို့ပြီး တုံ့ပြန်ချက်များကို စာနှင့် ဖော်ပြကာ နောက်ဆက်တွဲ ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း ပြောကြားသည်။