ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန်လည်ပြင်းထန်လာ၊ စွန့်ပစ် အကျဉ်းထောင်များကို ယာယီဆေးရုံများအဖြစ် ပြင်ဆင် အသုံးပြု

CRI, August 11, 2021
Size:

လက်ရှိ ယာယီဆေးရုံ ၂ ရုံသည် လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သဖြင့် ထိုင်းနိုင်ငံ ဖူးခက်ခရိုင်သည် ၉ လကြာ ပိတ်ထားခဲ့သော အကျဉ်းထောင် တစ်ခုကို ခုတင် ၅၀၀ ဆံ့ ဖူးခက်ခရိုင် တတိယ ယာယီဆေးရုံအဖြစ် ပြင်ဆင်ထားသည်။

ထိုနေ့တွင် ဖူးခက်ခရိုင် ခရိုင်မှူးက ဖူးခက်ခရိုင်သည် ကပ်ရောဂါကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ယာယီဆေးရုံများ တိုးဖြည့်တည်ဆောက်သည့်အပြင် လူနေရပ်ကွက်များတွင် လူနာများကို သီးခြားခွဲထားသောနေရာများ ထားရှိပေးမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံခြားအလုပ်သမားများ စုဝေးသည့် ဆောက်လုပ်ရေးနေရာတွင် ကူးစက်ရောဂါကာကွယ်ရေး စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။