မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဆက်တိုက်ပြန့်ပွား၊ စေတနာဝန်ထမ်းများ ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင်

CRI, August 10, 2021
Size:

ဒေသစံတော်ချိန် ယခုလ ၉ ရက်နေ့က မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ သတင်းအရ၊ ထိုနေ့က ဓာတ်ခွဲစစ်ဆေးသော နမူနာ ၁၂၁၉၁ ခုတွင် လူ ၃၆၁၁ ဦး ကိုဗစ်-၁၉ ရောဂါ တွေ့ရှိပြီး အတည်ပြုမှုနှုန်း ၂၉.၆ ရာခိုင်နှုန်းဖြစ်ကာ ကူးစက်ခံရသူ စုစုပေါင်း လူ ၃၃၃၁၂၇ ဦး ရှိကြောင်း ဖော်ပြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံတွင် တတိယလှိုင်း ကူးစက်မှုစတင်ခြင်းမှ ယခုအထိ ၃ လကျော်ရှိပြီး ရောဂါဆက်တိုက် ပြန့်ပွားသဖြင့် ဆေးဝန်ထမ်းများ အလွန် ပင်ပန်းနေပြီ ဖြစ်ကြောင်း၊ ယခု အချိန်တွင် စေတနာဝန်ထမ်း အမြောက်အမြားက ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင်လာနေကြကြောင်း သတင်းအရ သိရပါသည်။