မြန်မာနိုင်ငံ အိမ်စောင့်အစိုးရအဖွဲ့ ဖွဲ့စည်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်

CRI, August 2, 2021
Size:

သြဂုတ်လ ၁ ရက်နေ့က မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာ တစ်ရပ် ထုတ်ပြန်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ချမှတ်သော ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အညီ နိုင်ငံတော် တာဝန်များကို ပိုမို လွယ်ကူ လျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းရန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ရန် ဆုံးဖြတ်ကြောင်း၊ ယင်းအမိန့် ကြော်ငြာစာတွင်  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အိမ်စောင့်အစိုးရ အမြဲတမ်းအတွင်းဝန် စသဖြင့်လည်း ထားရှိကြောင်း ဆင်ဟွာသတင်းဌာနမှ သတင်းအရ သိရပါသည်။