မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပမည်

CRI, August 2, 2021
Size:

မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့ ၁ ရက်နေ့က ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် အသစ်တစ်ကြိမ် မြန်မာအထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ရေးလုပ်ငန်းများမှာ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြီးစီးသွားမည် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ယခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မြန်မာစစ်ဘက်က နိုင်ငံတော်အရေးပေါ်အခြေအနေကို အမိန့်ချမှတ်ခဲ့ပြီး ယခုအထိဆိုလျှင် နှစ်ဝက်ကြာပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဥပဒေအရ အရေးပေါ်အခြေအနေကို ၂ နှစ်ကြာ အာဏာတည်မည်ဖြစ်ပြီး အသစ်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ရေးလုပ်ငန်းများသည် ၆ လကြာအချိန် လိုအပ်သောကြောင့် အသစ်တစ်ကြိမ် မြန်မာအထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ရေးလုပ်ငန်းများမှာ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြီးစီးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖော်ပြပါသည်။