ဗီယက်နမ်နိုင်ငံတော်ဥက္ကဋ္ဌအဖြစ် Nguyen Xuan Phuc ထပ်မံအရွေးခံရခြင်းအပေါ် ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

CRI, July 27, 2021
Size:

ဗီယက်နမ်နိုင်ငံတော်ဥက္ကဋ္ဌအဖြစ် Nguyen Xuan Phuc ထပ်မံအရွေးခံရခြင်းအပေါ် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က ဇူလိုင်လ ၂၆ ရက်နေ့က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်နေသည့် အိမ်နီးချင်းကောင်းဖြစ်ပြီး ချစ်ကြည်ရေးအစဉ်အလာရှိကာ တူညီသောအကျိုးစီးပွားလည်း များစွာရှိကြောင်း၊ မိမိသည် ဗီယက်နမ်နှင့် ဆက်ဆံမှုကို လွန်စွာ အလေးထားပြီး ခေတ်သစ်တွင် တရုတ်နှင့် ဗီယက်နမ်နှစ်နိုင်ငံနှင့် ပါတီနှစ်ခုတို့အကြား ဆက်ဆံမှုအပေါ်  မဟာဗျူဟာ ဦးဆောင်မှုကို အားဖြည့်ပြုလုပ်ကာ တရုတ်-ဗီယက်နမ် မဟာဗျူဟာမြောက် ကံကြမ္မာအသိုက်အဝန်းတည်ဆောက်ရေး ရည်မှန်းချက်သို့ အဆက်မပြတ် ချီတက်ရန် ဗီယက်နမ် ခေါင်းဆောင်များနှင့် လက်တွဲကြိုးပမ်းသွားလိုကြောင်း ဖော်ပြပါသည်။

ထိုနေ့တွင်ပင် ဗီယက်နမ် အစိုးရဝန်ကြီးချုပ်အဖြစ် Phạm Minh Chính အရွေးခံရခြင်းအပေါ် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချမ်က ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။