မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ရေဘေးဖြစ်ပွားမှုများရှိ

CRI, July 27, 2021
Size:

မကြာမီရက်များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် ရေဘေးဒဏ် ခံခဲ့ရပါသည်။ ဒေသစံတော်ချိန် ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၂ နာရီနှင့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် မြို့နယ်အချို့၌ တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ နေအိမ်များစွာ ပျက်စီးကာ လူသေကျေ အနာတရဖြစ်မှုမရှိဘူးဟု သိရသည်။

ရေဘေးကြောင့် ကရင်ပြည်နယ် ဒုက္ခသည်စခန်းတစ်ခု၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ သီးသန့်ထားရှိရေးနှင့် ကုသရေးစင်တာတစ်ခုနှင့် ရွာအချို့ ရေနစ်မြှုပ်ခဲ့သဖြင့် ဒုက္ခသည်များ၊ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများနှင့် ဒေသခံရွာသူရွာသားများ ပြောင်းရွှေ့ခဲ့ရပါသည်။ တစ်ချိန်တည်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မှ မြိတ်မြို့အထိ မော်တော်ကားလမ်းလည်း ပြတ်တောက်ခဲ့ပါသည်။