၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များအား ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာ

CRI, July 27, 2021
Size:

ဒေသစံတော်ချိန် ဇူလိုင်လ ၂၆ ရက်နေ့ညတွင် မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်ထုတ်ပြန်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပါသည်။

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်သော မြို့နယ် ၃၁၅ ခုမှ မဲဆန္ဒရှင်များစာရင်း စစ်ဆေးခြင်း အခြေအနေကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းက ယင်းမဲဆန္ဒရှင်များစာရင်းအရ မြို့နယ်နှင့် မဲရုံတိုင်းတွင် မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း မှားယွင်းမှု များစွာရှိခြင်းကို တွေ့ရှိကြောင်း ဖော်ပြပါသည်။

မြန်မာ့တပ်မတော်က လာမည့် ၂ နှစ်အတွင်း အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပမည်ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ခံအစိုးရအား အာဏာကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဖော်ပြပါသည်။