ယခုရက်များတွင် မြန်မာနိုင်ငံ၌ တတိယအကြိမ် ကိုဗစ် ၁၉ ရောဂါအခြေအနေ ဆိုးရွားလာပြီး နေ့စဉ်ပျမ်းမျှအားဖြင့် အသစ်တွေ့ရှိသော ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူဦးရေ ဆက်တိုက် စံချိန်သစ်တင်နေခြင်းကြောင့် မြန်မာ ကိုဗစ် ၁၉ ရောဂါတိုက်ဖျက်ရေးကို ကူညီပံ့ပိုးရန်အတွက် တရုတ်မှ ကိုဗစ် ၁၉ ရောဂါတိုက်ဖျက်ရေးပစ္စည်းများကို ကား၊ စင်းလုံးငှား ကုန်တင်လေယာဉ်တို့ဖြင့် မြန်မာသို့ ပို့ဆောင်ကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်ပင် အောက်ဆီဂျင်ဘူး ၇၀၀ ကျော်၊ နှာခေါင်းစည်းများနှင့် အကာအင်္ကျီများကို ချင်းရွှေမြစ် ဂိတ်မှတစ်ဆင့် မြန်မာသို့ ပို့ဆောင်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။