“ချွင်းမြော် ဆောင်ရွက်မှု”သည် မြန်မာနိုင်ငံရှိ တရုတ်မွေးချင်းပေါက်ဖော်များအတွက် “အချိန်မီ မိုးရေ” ပေးသည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဆို

CRI, July 20, 2021
Size:

နိုင်ငံခြားရှိ တရုတ်လူမျိုးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရေးဆိုင်ရာ  “ချွင်းမြော် ဆောင်ရွက်မှု”သည် မေလ လကုန်ပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်ဟိုင်က မကြာမီက China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ တတိယလှိုင်း ကိုဗစ်-၁၉ ကူးစက်မှု မဖြစ်ပွားမီတွင်  “ချွင်းမြော် ဆောင်ရွက်မှု”ဖော်ဆောင်ခြင်းသည် “အချိန်မီ မိုးရေ” ပေးသလို မြန်မာနိုင်ငံရှိ တရုတ်မွေးချင်းပေါက်ဖော်များ၏ အသက်နှင့် ကျန်းမာရေး လုံခြုံမှုကို အာမခံပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ပြီး ကူးစက်ရောဂါကို လက်တွဲ တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ချင်ဟိုင်က ယခု ကမ္ဘာကြီးတွင် မကြုံစဖူးသော ပြောင်းလဲမှုများ ဖြစ်ပွားနေကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လူသား ကံကြမ္မာတူ အသိုက်အဝန်း လက်တွဲ တည်ထောင်ရေး အတွေးအခေါ်ကို တင်ပြပြီး ရင်ဆိုင်ဖြေရှင်းရေးဆိုင်ရာ တရုတ် အဖြေကို ပေးလိုက်ကြောင်း၊ လွန်ခဲ့သည့်နှစ်က စပြီး တရုတ်နှင့် မြန်မာနှစ်နိုင်ငံတို့သည် ကိုဗစ်-၁၉ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ရေးကို လက်တွေ့ကျကျ ဖော်ဆောင်နေခဲ့ကြောင်း ပြောကြားပါသည်။