ထိုင်းတွင် ကိုဗစ်၁၉ ကပ်ရောဂါကူးစက်ခံရသူ ဦးရေ ဆက်တိုက် စံချိန်သစ်တင်

CRI, July 19, 2021
Size:

ယခုလ ၁၈ ရက်နေ့က ထိုင်း ကိုဗစ်၁၉ ရောဂါ စီမံခန့်ခွဲရေးစင်တာမှ အချက်အလက်အရ ထိုနေ့က ထိုင်းတွင် အသစ်တိုးလာသော ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ ဦးရေ ၁၁၃၉၇ ဦး ဖြစ်ပြီး ၃ ရက် ဆက်တိုက် စံချိန်သစ်တင်ကာ ကူးစက်ခံရသူဦးရေ စုစုပေါင်း ၄၀၃၃၈၆ ဦး ရှိပြီဖြစ်ကြောင်း၊ အသစ်တိုးလာသော သေဆုံးသူဦးရေ ၁၀၁ ဦးဖြစ်ပြီး သေဆုံးသူဦးရေ စုစုပေါင်း ၃၃၄၁ ဦး ဖြစ်ကြောင်း၊ ထိုင်းအစိုးရသည် ထိုနေ့က အရေးပေါ်စီမံထိန်းချုပ်ရေး ဆောင်ရွက်ချက်များ၏အဆင့် တိုးမြင့်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ဗီဇပြောင်း Delta ပိုး ပြန့်ပွားမှုကြောင့် ဇွန်လ လကုန်ပိုင်းကတည်းက ထိုင်းတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူဦးရေ အရှိန်အဟုန် မြင့်မားစွာ တိုးလာသည်ဟု သတင်းအရ သိရပါသည်။