ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ် ကုန်သွယ်ရေးဂိတ်ကို ပိတ်မည်

CRI, July 13, 2021
Size:

ဇူလိုင်လ ၁၁ ရက်နေ့က မြန်မာရခိုင်ပြည်နယ်စီမံခန့်ခွဲမှုကော်မတီဝင် ဦးသန်းထွန်းက ကိုဗစ်-၁၉ ရောဂါ ဆက်တိုက် ပျံ့နှံ့နေသည့်အတွက် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဇူလိုင်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ပိတ်ထားမည် ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်ချက်၏အကြောင်းရင်းမှာ ဘင်္ဂလားဒေ့ရှ်၌ ကပ်ရောဂါအခြေအနေ သတိပေးအဆင့်သို့ ရောက်နေခြင်းနှင့် မြန်မာနိုင်ငံတွင် တတိယလှိုင်း ကပ်ရောဂါ ဖြစ်ပွားမှု ပိုမိုပြင်းထန် လာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။